ဖမ္းဆီးရမိတဲ့ ဆင္စြယ္နဲ႔ ေတာ႐ိုင္းတိရစၧာန္ အစိတ္အပိုင္းေတြကို မီးရိႈ႕ဖ်က္ဆီး

0
910

ဖမ္းဆီးရမိတဲ့ ဆင္စြယ္၊ ဆင္အစိတ္အပိုင္းနဲ႔ ေတာ႐ိုင္းတိရစၧာန္ အစိတ္အပိုင္းေတြ မီးရိႈ႕ဖ်က္ဆီးတဲ့ အခမ္းအနားကို မေန႔က ေအာက္တိုဘာ ၄ ရက္ေန႔ မနက္ပိုင္းမွာ ေနျပည္ေတာ္ရွိ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ယာဥ္ရပ္နားကြင္းမွာ ျပဳလုပ္ပါတယ္။

ကာလတန္ဖိုး အေမရိကန္ ေဒၚလာ ၁ ဒသမ ၃ သန္း တန္ဖိုးရွိ ဆင္စြယ္ ၂၇၇ ေခ်ာင္း၊ ဆင္အ႐ိုးနဲ႔ တိရစၧာန္ အ႐ိုးမ်ိဳးစံု ၂၂၇ ေခ်ာင္း၊ တိရစၧာန္ သားေရမ်ိဳးစံု ၄၅ ခ်ပ္၊ တိရစၧာန္ ဦးခ်ိဳမ်ိဳးစံု ၁၅၄၄ ေခ်ာင္း၊ သင္းေခြခ်ပ္ အေၾကးခြံ ၄၅ ဒသမ ၅ ကီလိုဂရမ္နဲ႔ တျခားေတာ႐ိုင္း တိရစာၦန္ အစိတ္အပိုင္းမ်ိဳးစံု ၁၂၈ ခုတို႔ကို မီး႐ိႈ႕ဖ်က္ဆီးတာ ျဖစ္ပါတယ္။

သစ္ေတာဦးစီးဌာနက ေနျပည္ေတာ္နဲ႔ ရန္ကုန္တိုင္းေဒသႀကီးတုိ႔ကေန စုစည္း ထိန္းသိမ္းထားရွိတဲ့အထဲက ပထမအႀကိမ္အျဖစ္ မီးရႈိ႕ဖ်က္ဆီးတာ ျဖစ္ပါတယ္။ က်န္ရွိေနတဲ့ အထဲက ဆင္စြယ္၊ ဆင္အစိတ္အပို္င္း၊ တိရစာၧန္ ဦးခ်ိဳမ်ား၊ အေရခြံမ်ား၊ အ႐ိုးအစိတ္အပိုင္းမ်ားထဲက တခ်ိဳ႕ကို ဆင္ျပတိုက္မွာ ထားရွိျပသမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖမ်းဆီးရမိတဲ့ ဆင်စွယ်နဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို မီးရှို့ဖျက်ဆီး

ဖမ်းဆီးရမိတဲ့ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို မနေ့က အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်းမှာ ပြုလုပ်ပါတယ်။

ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်း တန်ဖိုးရှိ ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနဲ့ တိရစ္ဆာန် အရိုးမျိုးစုံ ၂၂၇ ချောင်း၊ တိရစ္ဆာန် သားရေမျိုးစုံ ၄၅ ချပ်၊ တိရစ္ဆာန် ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံ ၄၅ ဒသမ ၅ ကီလိုဂရမ်နဲ့ တခြားတောရိုင်း တိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ ၁၂၈ ခုတို့ကို မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။

သစ်တောဦးစီးဌာနက နေပြည်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ကနေ စုစည်း ထိန်းသိမ်းထားရှိတဲ့အထဲက ပထမအကြိမ်အဖြစ် မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အထဲက ဆင်စွယ်၊ ဆင်အစိတ်အပိ်ုင်း၊ တိရစ္ဆာန် ဦးချိုများ၊ အရေခွံများ၊ အရိုးအစိတ်အပိုင်းများထဲက တချို့ကို ဆင်ပြတိုက်မှာ ထားရှိပြသမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)