ဖူးခက္မွာ ေရထဲက်ေနတဲ့ ေမ်ာက္ကို ကယ္ဖို႔ႀကိဳးစားသူ ျမန္မာလူငယ္ ေရနစ္ေသဆံုး

0
777

ထိုင္းႏိုင္ငံ၊ ဖူးခက္ၿမိဳ႕ရွိ သတၱဳတြင္းေဟာင္းအနီး စိမ့္ေတာထဲက ေရအိုင္ထဲ ျပဳတ္က်ေနတဲ့ ေမ်ာက္ကို သူငယ္ခ်င္း ႏွစ္ေယာက္နဲ႔အတူ ကယ္ဖို႔ႀကိဳးစားတဲ့ ျမန္မာ ဆယ္ေက်ာ္သက္ အလုပ္သမားတစ္ဦး ေရနစ္ ေသဆံုးသြားခဲ့ပါတယ္။

ေအာက္တိုဘာ ၃ ရက္ေန႔က လူတစ္ဦး ေရနစ္ၿပီး ေပ်ာက္ဆံုးေနတယ္လို႔ သတင္းရတဲ့အတြက္ ဆြိဳင္ခိုေကာ သတၱဳတြင္းေဟာင္း ေနရာမွာ ေရေၾကာင္းရဲတပ္ဖြဲ႔က ေရငုပ္သမားေတြ၊ နယ္ေျမခံရဲေတြနဲ႔ ကယ္ဆယ္ေရး လုပ္သားေတြ သြားေရာက္ၿပီး ရွာေဖြခဲ့တယ္လို႔ ရဲဗိုလ္ ဆရင္ညာ ခလိုင္ဆြန္ဘတ္က ဘန္ေကာက္ပို႔စ္ သတင္းစာကို ေျပာပါတယ္။

ေရငုပ္သမားေတြက ၁၅ မိနစ္ၾကာ ရွာေဖြၿပီးေနာက္ ေရအနက္ ၁၀ မီတာေလာက္မွာ လူငယ္ရဲ႕ အေလာင္းကို ေတြ႔ရွိခဲ့ၿပီး ျမန္မာႏိုင္ငံသား ဆက္ပိုင္စိုး (၁၈ ႏွစ္) ျဖစ္ေၾကာင္း သိရွိရပါတယ္။ သူ႔သားဟာ ညေန ၅ နာရီေလာက္မွာ ေရကန္ထဲကို ေမ်ာက္တစ္ေကာင္ က်သြားတာ ျမင္လိုက္လို႔ သူ႔သူငယ္ခ်င္း ႏွစ္ေယာက္ကို ေခၚၿပီး ကယ္ဖို႔ ထြက္သြားၾကတာလို႔ ဆက္ပိုင္စိုးရဲ႕ ဖခင္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖူးခက်မှာ ရေထဲကျနေတဲ့ မျောက်ကို ကယ်ဖို့ကြိုးစားသူ မြန်မာလူငယ် ရေနစ်သေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ သတ္တုတွင်းဟောင်းအနီး စိမ့်တောထဲက ရေအိုင်ထဲ ပြုတ်ကျနေတဲ့ မျောက်ကို သူငယ်ချင်း နှစ်ယောက်နဲ့အတူ ကယ်ဖို့ကြိုးစားတဲ့ မြန်မာ ဆယ်ကျော်သက် အလုပ်သမားတစ်ဦး ရေနစ် သေဆုံးသွားခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က လူတစ်ဦး ရေနစ်ပြီး ပျောက်ဆုံးနေတယ်လို့ သတင်းရတဲ့အတွက် ဆွိုင်ခိုကော သတ္တုတွင်းဟောင်း နေရာမှာ ရေကြောင်းရဲတပ်ဖွဲ့က ရေငုပ်သမားတွေ၊ နယ်မြေခံရဲတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ သွားရောက်ပြီး ရှာဖွေခဲ့တယ်လို့ ရဲဗိုလ် ဆရင်ညာ ခလိုင်ဆွန်ဘတ်က ဘန်ကောက်ပို့စ် သတင်းစာကို ပြောပါတယ်။

ရေငုပ်သမားတွေက ၁၅ မိနစ်ကြာ ရှာဖွေပြီးနောက် ရေအနက် ၁၀ မီတာလောက်မှာ လူငယ်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသား ဆက်ပိုင်စိုး (၁၈ နှစ်) ဖြစ်ကြောင်း သိရှိရပါတယ်။ သူ့သားဟာ ညနေ ၅ နာရီလောက်မှာ ရေကန်ထဲကို မျောက်တစ်ကောင် ကျသွားတာ မြင်လိုက်လို့ သူ့သူငယ်ချင်း နှစ်ယောက်ကို ခေါ်ပြီး ကယ်ဖို့ ထွက်သွားကြတာလို့ ဆက်ပိုင်စိုးရဲ့ ဖခင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)