ယာဥ္မေတာ္တဆမႈေၾကာင့္ တစ္ရက္ကို ၁၄ ဦး ေသဆံုးေန

0
362

၂၀၁၇ ခုႏွစ္ ဇန္နဝါရီလကေန ၾသဂုတ္အထိ ယာဥ္မေတာ္တဆမႈေတြေၾကာင့္ တစ္ရက္ကို ၁၄ ဦးႏႈန္း ေသဆံုးေနပါတယ္။

ယာဥ္တိုက္မႈေတြထဲမွာ ေမာ္ေတာ္ဆိုင္ကယ္ေၾကာင့္ ေသဆံုးမႈက ၄၈ ရာခိုင္ႏႈန္းေက်ာ္ ရွိေနတယ္လို႔ ရန္ကုန္တိုင္း ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ထားပါတယ္။

၂၀၁၃ ခုႏွစ္မွာ ေမာ္ေတာ္ယာဥ္ စီးေရ ၁ ေသာင္းမွာ ေသဆံုးမႈႏႈန္း ၉.၂၆ ရွိရာက ၂၀၂၀ ျပည့္ႏွစ္မွာ ၄.၆၃ အထိ က်ဆင္းေအာင္ ႀကိဳးပမ္းေဆာင္ရြက္ေနေပမယ့္ ၂၀၁၆ ခုႏွစ္မွာ ယာဥ္စီးေရ ၁ ေသာင္းမွာ ေသဆံုးမႈႏႈန္း ၇.၉၈ အထိသာ က်ဆင္းတဲ့အတြက္ ရည္မွန္းခ်က္ ျပည့္မီေအာင္ အမ်ားႀကီး ႀကိဳးပမ္းေဆာင္ရြက္ရဦးမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>

ယာဉ်မတော်တဆမှုကြောင့် တစ်ရက်ကို ၁၄ ဦး သေဆုံးနေ

၂၀၁၇ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်အထိ ယာဉ်မတော်တဆမှုတွေကြောင့် တစ်ရက်ကို ၁၄ ဦးနှုန်း သေဆုံးနေပါတယ်။

ယာဉ်တိုက်မှုတွေထဲမှာ မော်တော်ဆိုင်ကယ်ကြောင့် သေဆုံးမှုက ၄၈ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၃ ခုနှစ်မှာ မော်တော်ယာဉ် စီးရေ ၁ သောင်းမှာ သေဆုံးမှုနှုန်း ၉.၂၆ ရှိရာက ၂၀၂၀ ပြည့်နှစ်မှာ ၄.၆၃ အထိ ကျဆင်းအောင် ကြိုးပမ်းဆောင်ရွက်နေပေမယ့် ၂၀၁၆ ခုနှစ်မှာ ယာဉ်စီးရေ ၁ သောင်းမှာ သေဆုံးမှုနှုန်း ၇.၉၈ အထိသာ ကျဆင်းတဲ့အတွက် ရည်မှန်းချက် ပြည့်မီအောင် အများကြီး ကြိုးပမ်းဆောင်ရွက်ရဦးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)