
0
288




>>>>>>>>>>>>>>>>>

မောင်တောမှာ လက်နက်ခဲယမ်းတွေ ရှာဖွေ တွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းမှာ ARSA အကြမ်းဖက်သမားတွေ ဝှက်ထားတဲ့ လက်နက်၊ခဲယမ်းတွေ ဖော်ထုတ် သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့က မောင်တောမြို့နယ်၊ သဝန်ချောင်းကျေးရွာအနီးမှာ မြေကြီးအတွင်း ပလပ်စတစ် အိတ်ထဲကနေ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်ဆံ ၁၄ တောင့်၊ သံပိုက်နဲ့ လုပ်ထားတဲ့ ဒေသန္တရ လက်လုပ်မိုင်း ၇ လုံး၊ လက်ပစ်ဗုံး ၁ လုံး၊ Remote ခလုတ် ၉ ခုနဲ့ ဓာတ်ခဲတွေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအနီးတဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထပ်မံရှာဖွေနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)