ဒုကၡသည္ေတြကို အတင္းျပန္မပို႔ဖို႔ AI ေတာင္းဆို

0
318

ဘဂၤလားေဒ့ရွ္ကုိ ထြက္ေျပးေရာက္ရွိေနတဲ့ ဒုကၡသည္ေတြကုိ ျမန္မာႏုိင္ငံဆီ အတင္းျပန္မပို႔ဖို႔ ႏုိင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ AI က ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြ ေအာက္တိုဘာ ၃ ရက္ေန႔က ေတြ႔ဆံုအၿပီး AI က အခုလို ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ၿပီး ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ စီစဥ္တာကို အျပဳသေဘာ ႀကိဳဆုိေပမယ့္ သူတုိ႔ ဆႏၵမပါဘဲ အတင္းအဓမၼ ျပန္ပို႔တာမ်ဳိး မျဖစ္သင့္ဘူးလို႔ ေျပာပါတယ္။

ဒါ့အျပင္ ဒုကၡသည္ေတြ ႏွစ္တာရွည္ခံစားခဲ့ရတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မွုေတြ ထပ္မျဖစ္ေအာင္ ျမန္မာအစိုးရက အာမခံရမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>

ဒုက္ခသည်တွေကို အတင်းပြန်မပို့ဖို့ AI တောင်းဆို

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ အတင်းပြန်မပို့ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က တောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ အောက်တိုဘာ ၃ ရက်နေ့က တွေ့ဆုံအပြီး AI က အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ စီစဉ်တာကို အပြုသဘော ကြိုဆိုပေမယ့် သူတို့ ဆန္ဒမပါဘဲ အတင်းအဓမ္မ ပြန်ပို့တာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ နှစ်တာရှည်ခံစားခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်မဖြစ်အောင် မြန်မာအစိုးရက အာမခံရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)