ဘင်္ဂလားဒေ့ရှ်ဘက် အဓမ္မ အခေါ်ခံရတဲ့ ဟိန္ဒူတွေ မြန်မာပြည် ပြန်ရောက်

0
389



ARSA အကြမ်းဖက်သမားတွေဟာ အခုပြန်ရောက်လာတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးရဲ့ ရှေ့မှုာ ဟိန္ဒူအမျိုးသားနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။


>>>>>>>>>>>>>>>>

ARSA အကြမ်းဖက်အုပ်စုက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးနဲ့ ကလေးငယ် ၈ ဦး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ တောင်းဆိုချက်အရ ဟိန္ဒူဘာသာဝင် ၁၆ ဦးဟာ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင် ဒုက္ခသည်စခန်းကနေ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီလို့ သတင်းထုတ်ပြန်ရေး ကော်မတီက ကြေညာထားပါတယ်။

ARSA အကြမ်းဖက်သမားတွေဟာ အခုပြန်ရောက်လာတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး ၈ ဦးရဲ့ ရှေ့မှာု ဟိန္ဒူအမျိုးသားနဲ့ အမျိုးသမီးတွေကို သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြန်လည်ရောက်ရှိလာတဲ့ ဟိန္ဒူဘာသာဝင် ၁၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး လိုအပ်တဲ့ ထောက်ပံ့ကူညီမှုများ၊ နှစ်သိမ့်ဆွေးနွေး စိတ်ဓာတ်မြှင့်တင်မှုတွေ ဆောင်ရွက်ပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)