ဦးသိန်းစိန်အစိုးရကိုပဲ ရွေးချယ်သွားမယ်လို့ ဦးဝီရသူမိန့်ကြား

0
324

ဦးသိန်းစိန်အစိုးရကိုပဲ ရွေးချယ်သွားမယ်လို့ ဦးဝီရသူက မိန့်ကြားလိုက်ပါတယ်။နိုင်ငံတကာသတင်းဌာန တစ်ခုဖြစ်တဲ့ ရိုက်တာသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားစဉ်မှာ မိန့်ကြားလိုက်တာပါ။

“ဦးဇင်းတို့အနေနဲ့ အကောင်းဆုံးကို ရွေးချယ်ပါဆိုရင် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကိုပဲ ရွေးချယ်မယ်။ သူတို့တွေက တံခါးတွေကိုလည်း တစ်ချပ်ခြင်းဖွင့်နေတယ်။ ခြေလှမ်းတွေကိုလည်း တစ်လှမ်းခြင်း လှမ်းနေတယ်။ တည်ငြိမ် အေးချမ်းရေးကိုလည်း ဦးစားပေးတယ်။ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း သွားနေတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားဟာ ဒီပုံစံ အကောင်းဆုံးပါပဲ။” လို့ဆိုပါတယ်။

Myanmar's firebrand Buddhist monk Wirathu talks in a supporter's home during a Reuters interview in Yangon, Myanmar October 4, 2015. REUTERS/Soe Zeya Tun
Myanmar’s firebrand Buddhist monk Wirathu talks in a supporter’s home during a Reuters interview in Yangon, Myanmar October 4, 2015. REUTERS/Soe Zeya Tun

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အစိုးရဖွဲ့နိုင်ဖို့ဆိုတာကလည်း မလွယ်ကူတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။

“NLD အစိုးရဖြစ်ဖို့ဆိုတာကလည်း မိုးပေါ်က အပ်တစ်စင်းနဲ့ မြေကြီးပေါ်က အပ်တစ်စင်း အပ်ထိပ်ဖျားခြင်း ထိဖို့ ခက်ခဲ့သလိုပဲ။”

ဒါအပြင် အစ္စလမ်ဘာသာဝင်တွေကို ငြိမ်းချမ်းရေးအတွက် သားသတ်ပွဲတွေကို ရုပ်သိမ်းဖို့ကိုလည်း ဆရာတော်ဝီရသူက မိန့်ကြားလိုက်တာပါ။

“သူတို့တတွေကဟာ သွေးနဲ့ယဉ်ပါးအောင် ကလေး လေးတွေ၊ မိန်းကလေးတွေက စပြီး လေ့ကျင့်ပေးနေတာ။ တကယ့်ငြိမ်းချမ်းရေးကို လိုလားရင် အဲ့ဒီသားသတ်ပွဲ ဒါမှမဟုတ် ဟာလာလုပ်တာတွေကို ရုပ်သိမ်းနိုင်အောင် လုပ်ရမယ်။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေး အဖွဲ့ မဘသရဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာတော့ မဘသဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအတွက် ရည်ရွယ် ဖွဲ့စည်းခဲ့တာ မဟုတ်ဘူးလို့ တရားဝင်ပြောဆိုထားတာပါ။

အောက်တိုဘာလ ၄ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသကဦးဆောင်ပြီး မျိုးစောင့်ဥပဒေပြဌာန်းနိုင်တဲ့ အောင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)