ကိုရီးယားသမၼတခရီးစဥ္မွာ ျမန္မာလုပ္သားေတြပိုမိုေခၚယူဖို႕ အတိုင္ပင္ခံပုဂၢိဳလ္ေတာင္းဆို

0
111

ကိုရီးယားကို ျမန္မာလုပ္သားေတြ ပိုမိုေခၚယူဖို႔ ကိုရီးယားသမၼတကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေတာင္းဆိုထားပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျမန္မာနိုင္ငံကိုခ်စ္ႀကည္ေရးခရီးလာေရာက္လာပတ္တဲ့ ကိုရီးယားသမၼတရဲ႕ခရီးစဥ္မွာ ျမန္မာလုပ္သားေတြကို ပိုမိုေခၚယူဖို႕ နိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္ေဒၚေအာင္ဆန္းစုႀကည္က ေတာင္းဆိုခဲ့တယ္လို႕ အလုပ္သမား၊ လူ၀င္မႈႀကီးၾကပ္ေရးနွင့္ျပည္သူ႕အင္အား၀န္ႀကီးဌာန၊ ျပည္ေထာင္စု၀န္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။ 

စက္တင္ဘာလ ၅ ရက္ေန႔က ေနျပည္ေတာ္မွာ M Gallery မွာျပဳလုပ္ခဲ့တဲ့ အလုပ္သမား၀န္ႀကီးဌာနနဲ႕ ဒိန္းမတ္နိုင္ငံ အလုပ္အကိုင္၀န္ႀကီးဌာနတို႔အၾကား လက္မွတ္ေရးထိုးထားတဲ့ အလုပ္သမားေစ်းကြက္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈစာခ်ြန္လႊာအရ အေကာင္အထည္ေဖာ္မယ့္ ဒုတိယပိိုင္း မိတ္ဆက္တဲ့ အခမ္းအနားအျပီးမွာ မီဒီယာေတြရဲ႕ေမးျမန္းမႈကို ျပည္ေထာင္စု၀န္ႀကီးက အခုလို ေျဖၾကားခဲ့တာပါ။ 

Soundbite  ဦးသိန္းေဆြ (ျပည္ေထာင္စုဝန္ႀကီး)

 အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန

ျမန္မာနိုင္ငံအေနနဲ႕ ကိုရီးယားနိုင္ငံကို အလုပ္သမားေစလႊတ္ေရး နွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္မႈ G to G စနစ္နဲ႕ေဆာင္ရြက္ေနတာျဖစ္ၿပီး အခုလက္ရွိမွာ ကိုရီးယားႏိုင္ငံကို စိုက္ပ်ိဳးေရးနဲ႔ ေမြးျမဴေရးက႑အတြက္ ကိုရီးယားဘာသာ အရည္အခ်င္းစစ္စာေမးပြဲ ျပဳလုပ္ေပးသြားဖို႔ ရွိေနပါတယ္။

Soundbite  ဦးသိန္းေဆြ (ျပည္ေထာင္စုဝန္ႀကီး)

 အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန

လက္ရွိမွာေတာ့ ကိုရီးယားနုိင္ငံမွာ ျမန္မာအလုပ္သမား ၃၄,၀၀၀ ေက်ာ္အလုပ္လုပ္ကိုင္ေနၿပီး၊ ကိုရီးယားနုိင္ငံကို သြားေရာက္အလုပ္လုပ္ကိုင္ဖို႔အတြက္  ကုိရီးယားအရည္အခ်င္းစစ္စာေမးပြဲေအာင္ျမင္ၿပီးသူ ၅၀၀၀ ေက်ာ္က ေစာင့္ဆုိင္းေနၾကတာျဖစ္ပါတယ္ ခင္ဗ်ာ။

ကိုရီးယားကို မြန်မာလုပ်သားတွေ ပိုမိုခေါ်ယူဖို့ ကိုရီးယားသမ္မတကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တောင်းဆိုထားပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးလာရောက်လာပတ်တဲ့ ကိုရီးယားသမ္မတရဲ့ခရီးစဉ်မှာ မြန်မာလုပ်သားတွေကို ပိုမိုခေါ်ယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်မှာ M Gallery မှာပြုလုပ်ခဲ့တဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ ဒိန်းမတ်နိုင်ငံ အလုပ်အကိုင်ဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားတဲ့ အလုပ်သမားဈေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်မယ့် ဒုတိယပိုင်း မိတ်ဆက်တဲ့ အခမ်းအနားအပြီးမှာ မီဒီယာတွေရဲ့မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက အခုလို ဖြေကြားခဲ့တာပါ။

Soundbite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

မြန်မာနိုင်ငံအနေနဲ့ ကိုရီးယားနိုင်ငံကို အလုပ်သမားစေလွှတ်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု G to G စနစ်နဲ့ဆောင်ရွက်နေတာဖြစ်ပြီး အခုလက်ရှိမှာ ကိုရီးယားနိုင်ငံကို စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍအတွက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ ပြုလုပ်ပေးသွားဖို့ ရှိနေပါတယ်။

Soundbite ဦးသိန်းဆွေ (ပြည်ထောင်စုဝန်ကြီး)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

လက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ မြန်မာအလုပ်သမား ၃၄,ဝ၀ဝ ကျော်အလုပ်လုပ်ကိုင်နေပြီး၊ ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ကိုရီးယားအရည်အချင်းစစ်စာမေးပွဲအောင်မြင်ပြီးသူ ၅၀ဝ၀ ကျော်က စောင့်ဆိုင်းနေကြတာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)