လုပ္ငန္းညႇိႏႈိင္းေရးေကာ္မတီ(WCC) ဖြဲ႔စည္းမႈမ႐ွိရင္ အလုပ္႐ွင္ေတြကို အေရးယူမယ္

0
75

လုပ္ငန္းခြင္အတြင္း အလုပ္သမားေတြအေနနဲ႕လုပ္ငန္းညွိႏႈိင္းေရးေကာ္မတီ (WCC) ဖြဲ႔စည္းေဆာင္ရြက္ မႈမရွိရင္ အလုပ္ရွင္ကုိ ဥပေဒအရ အေရးယူေဆာင္ရြက္သြားမွာ ျဖစ္တယ္လုိ႔ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္သႏၱာမုိးကေပးပုိ႔ထားပါတယ္။

ဇြန္လက အတည္ျပဳလုိက္တဲ႔ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရး ဥပေဒအရ လုပ္ငန္းခြင္အတြင္း အလုပ္သမားေတြ အေနနဲ႕လုပ္ငန္းညွိႏႈိင္းေရးေကာ္မတီ (WCC) ဖြဲ႔စည္းေဆာင္ ရြက္သြားရမွာ ျဖစ္ပါတယ္။ 

အဲဒီလုိ လုပ္ငန္းညွိႏႈိင္းေရးေကာ္မတီ (WCC)ကုိ အလုပ္သမားေတြက ဖြဲ႔စည္းမႈမရွိရင္ အလုပ္ရွင္က ဦး ေဆာင္ဖြဲ႕ စည္းရမွာျဖစ္ၿပီး WCC ဖြဲ႔စည္း ထားမႈမရွိရင္ အလုပ္ရွင္ကုိ ဥပေဒအရ အေရးယူေဆာင္ရြက္သြားမယ္လို႔ အလုပ္သမား၊ လူဝန္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ဳိးေအာင္ကေျပာပါတယ္။

Soundbite  ဦးမ်ဳိးေအာင္ (အၿမဲတမ္းအတြင္းဝန္)

အလုပ္သမား ၊လူဝန္မႈႀကီးၾကပ္ေရးႏွင္႔ျပည္သူ႕အင္အားဝန္ႀကီးဌာန

ဒါအျပင္ WCC ဖြဲ႔စည္းတာကုိ အလုပ္ရွင္ကုိ တာ၀န္ေပးထားတာျဖစ္သလုိ ဖြဲ႔စည္းမယ္႔ကာလနဲ႔ ဘယ္လုိဖြဲ႔စည္း သြားမယ္ဆုိတာထက္ အလုပ္ရွင္၊ အလုပ္သမားအျငင္းပြားမႈေတြကုိ WCC ကေန အလုပ္ရွင္၊ အလုပ္သမား ျပႆနာေတြကုိ အမွန္တကယ္ ေျပလည္ေအာင္ အေကာင္ အထည္ ေဖာ္ေဆာင္ႏုိင္ဖုိ႔က အေရးႀကီး တယ္လုိ  ျမန္မာႏိုင္ငံလုံးဆုိင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္(CTUM) အေထြ ေထြ အတြင္းေရးမွဳး ဦးသန္းလြင္ ကေျပာပါတယ္။

Soundbite ဦးသန္းလြင္ (အေထြေထြ အတြင္းေရးမွဳး)

                ျမန္မာႏိုင္ငံလုံးဆုိင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္(CTUM)

အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရး ဥပေဒ မွာပါရွိတဲ႔ လုပ္ငန္းခြင္အတြင္း လုပ္ငန္းညွိႏႈိင္းေရးေကာ္မတီ (WCC) ဖြဲ႔စည္းေဆာင္ရြက္မႈဟာ အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈေတြကုိ လုပ္ငန္းခြင္အတြင္း အလုပ္ အကုိင္ မပ်က္ဘဲ ညွိႏႈိင္းေဆာင္ရြက္နုိင္မွာျဖစ္သလုိ အလုပ္သမားဆႏၵျပမႈေတြလည္း ေလ်ာ့နည္းသြားမွာ ျဖစ္တယ္လုိ႔ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္ကေျပာပါတယ္ရွင္။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေအနေနဲ့လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက် မှုမရှိရင် အလုပ်ရှင်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်သန္တာမိုးကပေးပို့ထားပါတယ်။

ဇွန်လက အတည်ပြုလိုက်တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအရ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ အနေနဲ့လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်။

အဲဒီလို လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ကို အလုပ်သမားတွေက ဖွဲ့စည်းမှုမရှိရင် အလုပ်ရှင်က ဦး ဆောင်ဖွဲ့ စည်းရမှာဖြစ်ပြီး WCC ဖွဲ့စည်း ထားမှုမရှိရင် အလုပ်ရှင်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောပါတယ်။

Soundbite ဦးမျိုးအောင် (အမြဲတမ်းအတွင်းဝန်)
အလုပ်သမား ၊လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

ဒါအပြင် WCC ဖွဲ့စည်းတာကို အလုပ်ရှင်ကို တာဝန်ပေးထားတာဖြစ်သလို ဖွဲ့စည်းမယ့်ကာလနဲ့ ဘယ်လိုဖွဲ့စည်း သွားမယ်ဆိုတာထက် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုတွေကို WCC ကနေ အလုပ်ရှင်၊ အလုပ်သမား ပြဿနာတွေကို အမှန်တကယ် ပြေလည်အောင် အကောင် အထည် ဖော်ဆောင်နိုင်ဖို့က အရေးကြီး တယ်လို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) အထွေ ထွေ အတွင်းရေးမှုး ဦးသန်းလွင် ကပြောပါတယ်။

Soundbite ဦးသန်းလွင် (အထွေထွေ အတွင်းရေးမှုး)
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ မှာပါရှိတဲ့ လုပ်ငန်းခွင်အတွင်း လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်းဆောင်ရွက်မှုဟာ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေကို လုပ်ငန်းခွင်အတွင်း အလုပ် အကိုင် မပျက်ဘဲ ညှိနှိုင်းဆောင်ရွက်နိုင်မှာဖြစ်သလို အလုပ်သမားဆန္ဒပြမှုတွေလည်း လျော့နည်းသွားမှာ ဖြစ်တယ်လို့ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)