လုပ္ငန္းခြင္ ေဘးအႏၱရာယ္ကင္း႐ွင္းေရးနည္းဥပေဒမွာ ေဆာက္လုပ္ေရးက႑ပါဝင္လာမယ္

0
82

လုပ္ငန္းခြင္ ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆိုင္ရာနည္းဥပေဒမွာ ေဆာက္လုပ္ေရးက႑ပါ ၀င္လာမယ္လို႔ အလုပ္ရံုနဲ႔ အလုပ္သမားဥပေဒစစ္ေဆးေရး ဦးစီးဌာနက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးနဲ႔ က်န္းမာေရးဆိုင္ရာဥပေဒကို ၂၀၁၉ ခုႏွစ္၊ မတ္လက အသစ္ျပန္ လည္ေရးဆြဲျပဌာန္းခဲ့တာျဖစ္ပါယတ္။ 

အဲဒီဥပေဒရဲ႕ နည္းဥပေဒကို ထြက္ႏိုင္ဖို႔ျပင္ဆင္ေနၿပီး အဲဒီနည္းဥပေဒထဲမွာ ေဆာက္လုပ္ေရးက႑ပါ ပါ၀င္လာမွာ ျဖစ္တယ္လို႔ အလုပ္႐ုံနဲ႔ အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန ညြန္ၾကားေရးမွဴခ်ဳပ္  က ေျပာပါတယ္။ 

Soundbite; ဦးညြန္႔၀င္း(ညြန္ၾကားေရးမွဴးခ်ဳပ္)

            အလုပ္ရံုႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန

လက္ရွိ ေဆာက္လုပ္ေရးက႑နဲ႔ ပတ္သက္ၿပီး တိုက္ရိုက္စည္းၾကပ္တာမရွိေသးတာေၾကာင့္ ခိုင္မာတဲ့ အခ်က္အလက္မရွိေသးဘူးလို႔လည္းေျပာပါတယ္။

ဒါ့အျပင္ နည္းဥပေဒထြက္ရွိဖို႔အတြက္ သက္ဆိုင္ရာေဆာက္လုပ္ေရးက႑က လုပ္ငန္းရွင္ေတြနဲ႔ ပညာရွင္ေတြ၊ အတတ္ပညာရွင္ေတြပါ ပူးေပါင္းၿပီးညွိႏႈိင္းေရးဆြဲသြားမွာျဖစ္တယ္လို႔လည္းေျပာပါတယ္။

Soundbite; ဦးညြန္႔၀င္း(ညြန္ၾကားေရးမွဴးခ်ဳပ္)

            အလုပ္ရံုႏွင့္အလုပ္သမားဥပေဒစစ္ေဆးေရးဦးစီးဌာန

အဲဒီနည္းဥပေဒထြက္ရွိၿပီးပါက လုပ္ငန္းက႑အမ်ားအျပားကို လႊမ္းၿခံႏိုင္မွာျဖစ္သလို အရင္က ဦးစီးဌာနေတြကို ဗဟိုျပဳသြားေနရာကေန ကိုယ့္ရဲ႕လုပ္ငန္းခြင္ေဘးအႏၱရာယ္ကင္းရွင္းေရးကို ကိုယ္တိုင္ေဆာင္ရြက္ရမယ့္ အေျခ အေနေတြျဖစ္လာမွာလည္း ျဖစ္ပါတယ္ရွင္။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာနည်းဥပဒေမှာ ဆောက်လုပ်ရေးကဏ္ဍပါ ဝင်လာမယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လက အသစ်ပြန် လည်ရေးဆွဲပြဌာန်းခဲ့တာဖြစ်ပါယတ်။

အဲဒီဥပဒေရဲ့ နည်းဥပဒေကို ထွက်နိုင်ဖို့ပြင်ဆင်နေပြီး အဲဒီနည်းဥပဒေထဲမှာ ဆောက်လုပ်ရေးကဏ္ဍပါ ပါဝင်လာမှာ ဖြစ်တယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွန်ကြားရေးမှူချုပ် က ပြောပါတယ်။

Soundbite; ဦးညွန့်ဝင်း(ညွန်ကြားရေးမှူးချုပ်)
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

လက်ရှိ ဆောက်လုပ်ရေးကဏ္ဍနဲ့ ပတ်သက်ပြီး တိုက်ရိုက်စည်းကြပ်တာမရှိသေးတာကြောင့် ခိုင်မာတဲ့ အချက်အလက်မရှိသေးဘူးလို့လည်းပြောပါတယ်။

ဒါ့အပြင် နည်းဥပဒေထွက်ရှိဖို့အတွက် သက်ဆိုင်ရာဆောက်လုပ်ရေးကဏ္ဍက လုပ်ငန်းရှင်တွေနဲ့ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေပါ ပူးပေါင်းပြီးညှိနှိုင်းရေးဆွဲသွားမှာဖြစ်တယ်လို့လည်းပြောပါတယ်။

Soundbite; ဦးညွန့်ဝင်း(ညွန်ကြားရေးမှူးချုပ်)
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန

အဲဒီနည်းဥပဒေထွက်ရှိပြီးပါက လုပ်ငန်းကဏ္ဍအများအပြားကို လွှမ်းခြံနိုင်မှာဖြစ်သလို အရင်က ဦးစီးဌာနတွေကို ဗဟိုပြုသွားနေရာကနေ ကိုယ့်ရဲ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ကိုယ်တိုင်ဆောင်ရွက်ရမယ့် အခြေ အနေတွေဖြစ်လာမှာလည်း ဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)