ျမန္မာ-ထုိင္း တပ္မေတာ္ႏွစ္ရပ္ၾကား နယ္စပ္ေဒသ လုံၿခဳံေရး နဲ႔ စစ္ဘက္ဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္ေရး ေဆြးေႏြး

0
76

ျမန္မာ-ထုိင္းႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား အဆင့္ျမင့္အရာရွိႀကီးေတြရဲ႕ အစည္းအေ၀းမွာ ႏွစ္ႏုိင္ငံ တပ္မေတာ္ႏွစ္ရပ္ၾကား  နယ္စပ္ေဒသလုံၿခဳံေရးကိစၥရပ္ေတြ ေျဖရွင္းရာမွာ စစ္ဘက္ဆုိင္ရာ ပူးေပါင္း ေဆာင္ရြက္မႈေတြအတြက္ လမ္းၫႊန္ခ်က္ေတြ ခ်မွတ္ႏုိင္ဖုိ႔နဲ႔ ႏွစ္ႏုိင္ငံနယ္စပ္ေဒသမွာ  ေနထုိင္သူေတြ ရဲ႕ လူမႈဘဝဖူလုံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးကုိ ထိန္းသိမ္းရန္ႏွင့္ တုိးတက္ေအာင္ ေဆာင္ရြက္ႏုိင္ဖုိ႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က  ထည့္သြင္းေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ႏွစ္ႏုိင္ငံနဲ႔ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ယုံၾကည္မႈ၊ ခ်စ္ၾကည္ရင္းႏွီးမႈကုိပုိမုိခုိင္မာေစၿပီး ပူးေပါင္း ေဆာင္ရြက္မႈေတြနဲ႔  အျပန္အလွန္ နားလည္မႈေတြ ပုိမုိတုိးျမႇင့္တည္ေဆာက္သြားႏုိင္မွာကုိ အျပည့္အ၀ ယုံၾကည္ေၾကာင္းကိုလည္း ဗုိ္လ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့ပါတယ္ ။

ျမန္မာႏုိင္ငံနဲ႔  ထုိင္းႏုိင္ငံတုိ႕ဟာ အိမ္နီးခ်င္းႏုိင္ငံေကာင္းေတြ ျဖစ္တဲ့အျပင္ ခုိင္မာၿပီး  ခ်စ္ခင္ရင္းႏွီးတဲ့ ဆက္ဆံေရးကုိ တည္ေဆာက္ထားၿပီးျဖစ္ေၾကာင္း၊ တပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးကုိ ပုိမုိတုိးျမႇင့္ႏုိင္ရန္ အတြက္ ေဒသအဆင့္၊ ၿမိဳ႕နယ္အဆင့္ ေဆြးေႏြးပြဲေတြအျပင္  အခု အဆင့္ျမင့္အရာရွိႀကီးေတြ အစည္းအေ၀းကုိ ၂၀၁၃ ခုႏွစ္မွာ ထုိင္းႏုိင္ငံမွာ စတင္ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်ကြား နယ်စပ်ဒေသလုံခြုံရေး နဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးတွေရဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား နယ်စပ်ဒေသလုံခြုံရေးကိစ္စရပ်တွေ ဖြေရှင်းရာမှာ စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် လမ်းညွှန်ချက်တွေ ချမှတ်နိုင်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသမှာ နေထိုင်သူတွေ ရဲ့ လူမှုဘဝဖူလုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။


နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မာစေပြီး ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ အပြန်အလှန် နားလည်မှုတွေ ပိုမိုတိုးမြှင့်တည်ဆောက်သွားနိုင်မှာကို အပြည့်အဝ ယုံကြည်ကြောင်းကိုလည်း ဗိ်ုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ် ။


မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ အိမ်နီးချင်းနိုင်ငံကောင်းတွေ ဖြစ်တဲ့အပြင် ခိုင်မာပြီး ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် အတွက် ဒေသအဆင့်၊ မြို့နယ်အဆင့် ဆွေးနွေးပွဲတွေအပြင် အခု အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးကို ၂၀၁၃ ခုနှစ်မှာ ထိုင်းနိုင်ငံမှာ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)