ေကာ္မတီက အဖြဲ႔ဝင္ သံုးဦး ႏုတ္ထြက္ တာဟာ ပါတီေတြၾကား ႀကီးမားတဲ့ ပဋိပကၡတစ္ရပ္မဟုတ္

0
122

၄၅ ဦးပါ ဖြဲ႕စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး ပူးေပါင္းေကာ္မတီက အဖြဲ႕ဝင္သံုးဦး ႏုတ္ထြက္တာဟာ ေကာ္မတီ၀င္ ကိုယ္စားလွယ္ေတြနဲ႔  ႏိုင္ငံေရးပါ တီေတြၾကား ႀကီးမားေသာ ပဋိပကၡ တစ္ရပ္လို႔ မယူဆေၾကာင္း ေကာ္မတီဝင္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီအမတ္ ဦးေအာင္ၾကည္ညြန္႔က ေျပာပါတယ္။

ျပင္ဆင္ခ်င္ေနတဲ့ အတိုင္းအတာနဲ႔ ျပင္သင့္တာ၊ ျပင္ႏိုင္တာရဲ႕ အတိုင္းအတာၾကားထဲမွာ ယူဆၾကပံု၊ သံုးသပ္ ၾကပံု၊ ခံယူၾကပံုကေတာ့ ကြဲလြဲႏိုင္ေၾကာင္း အဲဒီလိုကြာဟခ်က္ရွိႏိုင္ေၾကာင္း အဲ့ဒီကြာဟခ်က္အေပၚ မူတည္ၿပီး ျဖစ္လာတဲ့အေျဖပဲလို႔ ေကာ္မတီ၀င္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီအမတ္ ဦးေအာင္ၾကည္ညြန္႔က ေျပာပါတယ္။

ပူးေပါင္းေကာ္မတီက အေျခခံဥပေဒ အခန္း(၁)ပါ ျပ႒ာန္းခ်က္ေျခာက္ခ်က္ျပင္ဆင္ ေရးနဲ႔ ပတ္သက္ၿပီး မဲခြဲဆံုးျဖတ္ ၿပီးေနာက္ အမ်ိဳးသားညီၫြတ္ ေသာ ဒီမိုကရက္တစ္ပါတီ၀င္ ဦးစိန္၀င္း နဲ႔ ရခိုင္အမ်ိဳးသားပါတီ ၀င္ ကိုယ္စားလွယ္ႏွစ္ဦးတို႔ ေကာ္မတီက ႏုတ္ထြက္ခဲ့တာျဖစ္ပါတယ္။

ကော်မတီက အဖွဲ့ဝင် သုံးဦး နုတ်ထွက် တာဟာ ပါတီတွေကြား ကြီးမားတဲ့ ပဋိပက္ခတစ်ရပ်မဟုတ်

၄၅ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အဖွဲ့ဝင်သုံးဦး နုတ်ထွက်တာဟာ ကော်မတီဝင် ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါ တီတွေကြား ကြီးမားသော ပဋိပက္ခ တစ်ရပ်လို့ မယူဆကြောင်း ကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပြင်ဆင်ချင်နေတဲ့ အတိုင်းအတာနဲ့ ပြင်သင့်တာ၊ ပြင်နိုင်တာရဲ့ အတိုင်းအတာကြားထဲမှာ ယူဆကြပုံ၊ သုံးသပ် ကြပုံ၊ ခံယူကြပုံကတော့ ကွဲလွဲနိုင်ကြောင်း အဲဒီလိုကွာဟချက်ရှိနိုင်ကြောင်း အဲ့ဒီကွာဟချက်အပေါ် မူတည်ပြီး ဖြစ်လာတဲ့အဖြေပဲလို့ ကော်မတီဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ပူးပေါင်းကော်မတီက အခြေခံဥပဒေ အခန်း(၁)ပါ ပြဋ္ဌာန်းချက်ခြောက်ချက်ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ် ပြီးနောက် အမျိုးသားညီညွတ် သော ဒီမိုကရက်တစ်ပါတီဝင် ဦးစိန်ဝင်း နဲ့ ရခိုင်အမျိုးသားပါတီ ဝင် ကိုယ်စားလှယ်နှစ်ဦးတို့ ကော်မတီက နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)