ႏိုင္ငံျခားသား အၿမဲေနထိုင္ခြင့္ ေလွ်ာက္ထားသူေတြ အနက္ ၅၀၀ ေက်ာ္ကုိခြင့္ျပဳၿပီးျဖစ္

0
79

ျမန္မာႏိုင္ငံမွာ  ႏိုင္ငံျခားသား အၿမဲေနထိုင္ခြင့္ ျပဳျခင္းဆိုင္ရာ လုပ္ငန္း စတင္ေဆာင္႐ြက္ခဲ့တဲ့  ၂၀၁၅ ခုႏွစ္ ဇန္နဝါရီ ၂၉ ရက္ေန႔က အခုခ်ိန္ထိ ႏိုင္ငံျခားသား အၿမဲေနထိုင္ခြင့္ ေလွ်ာက္ထားသူ စုစုေပါင္း ၆၁၄ ဦးရွိတဲ့ အနက္ ၅၄၇ ဦးကုိခြင့္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ  ႏိုင္ငံျခားသားအၿမဲ ေနထိုင္ခြင့္ ေလွ်ာက္ထားသူေတြ အနက္ ႏိုင္ငံျခားသား အၿမဲေနထိုင္ခြင့္ ျပဳျခင္းဆိုင္ရာ အေကာင္ အထည္ေဖာ္ေရး ဗဟိုေကာ္မတီမွ စိစစ္အတည္ျပဳၿပီးသူေတြကုိ  လူေတြ႕ေမးျမန္း အကဲျဖတ္ျခင္းကို စက္တင္ဘာ ၂ ရက္ေန႔က ေနျပည္ေတာ္ရွိ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အား ဝန္ႀကီးဌာန အစည္းအေဝး ခန္းမမွာ က်င္းပခဲ့တာပါ။

လက္ရွိ  ဗဟိုေကာ္မတီက  စိစစ္အတည္ ျပဳၿပီးသူေတြ အနက္ ရင္းႏွီးျမႇဳပ္ႏွံသူ တစ္ဦး၊ ျမန္မာႏိုင္ငံသားေဟာင္း ၁၄ ဦး၊ သူတုိ႔နဲ႔  ေသြးခ်င္းဆက္စပ္သူ ငါးဦး စုစုေပါင္း ႏိုင္ငံျခားသား ၂၀ အား လူေတြ႕ ေမးျမန္း အကဲျဖတ္ အတည္ျပဳ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး  အတည္ျပဳၿပီးပါက အထက္အဆင့္ဆင့္ကို တင္ျပကာ ေနထိုင္ခြင့္ လက္မွတ္နဲ႔ ကတ္ျပားေတြ ထုတ္ေပးႏိုင္ေရး ေဆာင္႐ြက္သြားမွာ လည္းျဖစ္ပါတယ္။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူတွေ အနက် ၅၀ဝ ကျော်ကိုခွင့်ပြုပြီးဖြစ်


မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ လုပ်ငန်း စတင်ဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က အခုချိန်ထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း ၆၁၄ ဦးရှိတဲ့ အနက် ၅၄၇ ဦးကိုခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။


မြန်မာနိုင်ငံမှာ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့် လျှောက်ထားသူတွေ အနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အကောင် အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူတွေကို လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို စက်တင်ဘာ ၂ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့တာပါ။


လက်ရှိ ဗဟိုကော်မတီက စိစစ်အတည် ပြုပြီးသူတွေ အနက် ရင်းနှီးမြှုပ်နှံသူ တစ်ဦး၊ မြန်မာနိုင်ငံသားဟောင်း ၁၄ ဦး၊ သူတို့နဲ့ သွေးချင်းဆက်စပ်သူ ငါးဦး စုစုပေါင်း နိုင်ငံခြားသား ၂၀ အား လူတွေ့ မေးမြန်း အကဲဖြတ် အတည်ပြု ဆောင်ရွက်သွားမှာဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်ကို တင်ပြကာ နေထိုင်ခွင့် လက်မှတ်နဲ့ ကတ်ပြားတွေ ထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမှာ လည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)