မြို့ကြီးတွေမှာ အကြမ်းဖက်သမားတွေက ဖောက်ခွဲ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်မှုတွေ ရှိနေတယ်လို့ တပ်မတော် သတိပေး

0
407

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအဝင် တခြားမြို့ကြီးတွေမှာ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အကြမ်းဖက်သမားတွေက ပြင်ဆင်နေတဲ့အတွက် သတိရှိကြဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ စက်တင်ဘာ ၅ ရက် ညနေပိုင်းမှာ သတိပေး နှိုးဆော်လိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပမယ့် စက်တင်ဘာလအတွင်း အချိန်ကိုက်ပြီး မြန်မာနိုင်ငံအတွင်းပိုင်း ဒေသတွေမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဖို့ အကြမ်းဖက်မှုတွေကို အားပေးထောက်ခံတဲ့ ပြည်ပနိုင်ငံတစ်ခုမှာ စီစဉ်နေတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကနေ သွားပြီး အလုပ်လုပ်နေသူတချို့ကို ပြီးခဲ့တဲ့ ၄ လကစပြီး တခြားတနိုင်ငံ တစ်နိုင်ငံမှာ အကြမ်းဖက်သင်တန်းတွေ စေလွှတ်သင်ကြားစေခဲ့ပြီး အဲဒီအဖွဲ့တွေဟာ ဒေသန္တရပစ္စည်းတွေနဲ့ မိုင်းလုပ်နည်းကို ကျွမ်းကျင်ကြသူများ ဖြစ်ကြောင်း၊ သူတို့ ရည်ရွယ်ချက်ဟာ ဘူသီးတောင်၊ မောင်တောဒေသကို ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာက ပိုပြီး အာရုံစိုက်စေရေးနဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို ထောက်ခံမှု ရရှိစေရေး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူလူထုအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ မသင်္ကာဖွယ် လှုပ်ရှားမှုသတင်း၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ် (ပုလဲဓာတ်မြေသြဇာ) တရားမဝင် စုဆောင်းမှုတွေကို သိရှိပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းနဲ့ တပ်ဌာနချုပ်တွေကို အကြောင်းကြားဖို့ နှိုးဆော်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)