လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် တစ်စီး ပျံသန်းလေ့ကျင့်စဉ် ပျောက်ဆုံး

0
304

မြန်မာ့ တပ်မတော် (လေ) ရဲ့ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်  ပျံသန်းလေ့ကျင့်စဉ် ဒီကနေ့ နံနက် ၉ နာရီကျော်က ပုသိမ်မြို့ရဲ့ အနောက်မြောက်ဘက် ၃၆ မိုင်ခန့်အကွာမှာ အဆက်အသွယ်ပျက်တောက် ပျောက်ဆုံး သွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ပုံစာ – Soko G-4 Super Galeb အမျိုးအစား လေယာဉ် တစ်စီး

စက်တင်ဘာလ ၅ ရက်နေ့မနက်ပိုင်းက  ပုသိမ်လေဆိပ်ကနေ G-4 ဂျက်လေယာဉ် ၃ စီး စတင်ပျံသန်းလေ့ကျင့်မှုပြုလုပ်ခဲ့တာပါ။ အဲ့ဒီထဲက လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်တဲ့ G-4 ဂျက်လေယာဉ်ဟာ ပုသိမ်လေဆိပ်နဲ့ အဆက်အသွယ် ပျက်တောက် ပျောက်ဆုံးခဲ့တာပါ။

ပျောက်ဆုံးနေတဲ့ ဂျက်လေယာဉ်ကို မြေပြင်တပ်တွေနဲ့ တပ်မတော် (လေ) က လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။

အခုပျောက်ဆုံးသွားတဲ့ Soko G-4 Super Galeb Armed Jet trainers အစီးရေ ၂၀ ကျော်ကို ၁၉၉၁ ခုနှစ်က ယူဂိုဆလားဗီးယား နိုင်ငံကနေ မြန်မာတပ်မတော် (လေ) က ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)