MOAS အကူအညီပေးရေး သင်္ဘော အာရှကို လာမယ်

0
374

မြေထဲပင်လယ်ကို ဖြတ်လာတဲ့ အာဖရိက ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို အကူအညီပေးနေတဲ့ သင်္ဘောတစ်စီးဟာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာသူတွေကို ကူညီဖို့ အာရှဘက်ကို ခုတ်မောင်းလာနေပါတယ်။

မော်လ်တာ အခြေစိုက် ရွှေ့ပြောင်းသူများ အကူအညီပေးရေး ကမ်းလွန် ဖောင်ဒေးရှင်း (MOAS) အဖွဲ့ရဲ့ သင်္ဘော ဖီးနစ် (Phoenix) ဟာ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကြားမှာ ထွက်ပြေးလာတဲ့ မွတ်စလင်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖီးနစ် သင်္ဘောဟာ မြေထဲပင်လယ်ကနေ ဘင်္ဂလားပင်လယ်အော်ကို မောင်းနှင်လာနေတာ ဖြစ်ပါတယ်။ MOAS အဖွဲ့ဟာ ၂၀၁၄ ခုနှစ်ကတည်းက စပြီး မြေထဲကိုပင်လယ်ကို ဖြတ်ကာ ရွှေ့ပြောင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အာဖရိကတိုက်က လူတွေကို အကူကယ်ဆယ်ရေးတွေ လုပ်ပေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)