ရွာလုံးကျွတ်နီးပါး မီးရှို့ခံရဟု ဦးရွှေမောင် ဂြိုဟ်တုဓါတ်ပုံမှတ်တမ်း ထုတ်ပြန်

0
372

ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွမှာ အိမ်ခြေ ၇၀၀ (ရွာလုံးကျွတ်နီးပါး) မီးရှို့ခံရတယ်ဆိုတဲ့ ဂြိုဟ်တုဓါတ်ပုံမှတ်တမ်းကို သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေသူတွေအရေး တက်ကြွလှုပ်ရှားသူ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

www.hrw.org က လွှတ်တင်တဲ့ သတင်းဓာတ်ပုံကို ကူးယူပြီး သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေ တဆင့် ပြောကြားလိုက်တာပါ။ ဒီလို ပြောဆိုရာမှာတော့ ဦးရွှေမောင်က အမှန်တရားပေါ်စမြဲဖြစ်ပြီး လူတွေက ညာပေမဲ့ ဂြိုဟ်တုက မညာပါဘူးလို့လည်း ပြောဆိုထားတာပါ။

အစိုးရရဲ့ တရားဝင် သတင်းထုတ်ပြန်မှုတွေမှာတော့ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ အများအပြား လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)