အခြေခံ လူ့အခွင့်အရေးတွေကို ဥပဒေနဲ့အညီပဲ ရရှိခံစားနိုင်မယ်

0
281

ဥပဒေက ပေးထားတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ဥပဒေနဲ့အညီပဲ ရရှိခံစားနိုင်ရေးကသာ နိုင်ငံရေးဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့က Facebook လူမှုကွန်ရက်စာမျက်နှာကတဆင့် ဦးသန်းဌေးက အဲဒီလို ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားရာမှာတော့ နိုင်ငံသားတွေရဲ့ ဘ၀ လုံခြုံရေး၊ စားဝတ်နေမှုပြေလည်ရေးတွေကို ပရဟိတစိတ်ဓာတ် လူမှုအခြေခံတဲ လုပ်ဆောင်ချက်တွေနဲ့သာ လုပ်ဆောင်သင့်တယ်လို့လည်း ပြောကြား လိုက်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ရခိုင်ပြည်နယ်မှာ ARSA အစွန်းရောက်အကြမ်းဖက် သမား တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒေသခံဌာနေ တိုင်းရင်းသားတွေ ခံစားနေကြရတာပါ။

ဒါပေမယ့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေပြီး လူ့အခွင့်အရေးကို ကာကွယ်နေတာပါလို့ ပြောဆိုနေတဲ့ အစွန်းရောက်အကြမ်းဖက် သမားတွေ လူ့အခွင့်အရေး အပြည့်အ၀ရဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)