တာချီလိတ်မှာ လက်နက် ခဲယမ်း၊ မူးယစ်းဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိ

0
292

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်း၊ မူးယစ်းဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က တာချီလိတ်မြို့၊ မယ်ယန်း ပူးပေါင်းစစ်ဆေးဂိတ်မှာ ယာဉ်ဝင်၊ ယာဉ်ထွက် မှုတွေကို စစ်ဆေးစဉ် ကျိုင်းတုံမြို့ဘက်ကနေ တာချီလိတ်မြို့ဘက်ကို ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်နဲ့ မင်းမင်းလတ် မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ ယာဉ်နောက်ခန်း အတွင်းက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ အမှုန့်ကြိက်စက် ၁ လုံး၊ အပူပေးစက် ၃ လုံးနဲ့ ယာဉ်မောင်း မင်းမင်းလတ် မောင်းနှင်လာတဲ့ ယာဉ်နောက်ခန်းအတွင်းက ဆာလာအိတ်အကြီး ၁ လုံး၊ အိတ်အသေး ၂ သောင်းခန့်ပါ ဆာလာအိတ်အကြီး ၆၉ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

သိမ်းဆည်းရမိ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ၂ ဦးကို စစ်ဆေးချက်အရ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို တာချီလိတ်မြို့ ရောက်ရှိပါက စိုင်းအောင်ခမ်း၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့နေသူထံ ပို့ဆောင်ပေးရမှာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့လို့ စိုင်းအောင်ခမ်းအား ဖုန်းဆက်သွယ် ခေါ်ခဲ့ရာ မယ်ယန်းဂိတ်ကို ညနေ ၄ နာရီမှာ ရောက်ရှိခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

စိုင်းအောင်ခမ်းကို စစ်ဆေးချက်အရ ပူးပေါင်းအဖွဲ့က တရားခံ ငှားရမ်းနေထိုင်တဲ့ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)လမ်း၊ ရွှေနဂါးတိုက်တန်း အိမ်ခန်းငှားရှိ အခန်းနံပါတ် (၄) အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ အိုက်စ် ၈၀၀ ဂရမ်ခန့်၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့် -၄၅ ပစ္စတို ၁ လက်၊ အမ် – ၂၂ ကျည်အိမ် ၄ ခု၊ အမ် – ၁၆ ကျည်အိမ် ၆ ခု၊ ပွိုင့်-၄၅ ကျည်အိမ် ၁ ခု၊ ပွိုင့်-၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမ လူဂါကျည် ၇၅ တောင့်၊ ပွိုင့်-၃၂ ကျည် ၁ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် ၆၆၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၅ လုံး၊ ဆေးပြားရိုက်ရာတွင် အသုံးပြုတဲ့ သံမှို ၁၀၀၀ ချောင်းခန့် နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမြးဆီးရမိသူတှေ၊ မူးယဈဆေးဝါးတှေ၊ လကနြကြ၊ခဲယမြးတှနေဲ့ မောတြောယြာဉတြှကေို တာခွီလိတြ မှို့မရဲစခနြးဆီ စနဈတကလွှှဲပှောငြးအပနြှံပှီး လုပထြုံးလုပနြညြး နဲ့အညီ ဆကလြကြ ဆောငရြှကမြယလြို့ တပမြတောြ ကာကှယရြေးဦးစီးခွုပရြုံးက သတငြးထုတပြှနထြားပါတယြ။

____________________

____________________

တာခြီလိတျမှာ လကျနကျ ခဲယမျး၊ မူးယဈးဆေးဝါးတှနေဲ့ ဆကျစပျပစ်စညျးတှေ ဖမျးမိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်း၊ မူးယစ်းဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်က တာချီလိတ်မြို့၊ မယ်ယန်း ပူးပေါင်းစစ်ဆေးဂိတ်မှာ ယာဉ်ဝင်၊ ယာဉ်ထွက် မှုတွေကို စစ်ဆေးစဉ် ကျိုင်းတုံမြို့ဘက်ကနေ တာချီလိတ်မြို့ဘက်ကို ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်နဲ့ မင်းမင်းလတ် မောင်းနှင်လာတဲ့ ၆ ဘီးယာဉ်ကို စစ်ဆေးရာ ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ ယာဉ်နောက်ခန်း အတွင်းက မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ အမှုန့်ကြိက်စက် ၁ လုံး၊ အပူပေးစက် ၃ လုံးနဲ့ ယာဉ်မောင်း မင်းမင်းလတ် မောင်းနှင်လာတဲ့ ယာဉ်နောက်ခန်းအတွင်းက ဆာလာအိတ်အကြီး ၁ လုံး၊ အိတ်အသေး ၂ သောင်းခန့်ပါ ဆာလာအိတ်အကြီး ၆၉ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

သိမ်းဆည်းရမိ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ၂ ဦးကို စစ်ဆေးချက်အရ သယ်ဆောင်လာတဲ့ ကုန်ပစ္စည်းတွေကို တာချီလိတ်မြို့ ရောက်ရှိပါက စိုင်းအောင်ခမ်း၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့နေသူထံ ပို့ဆောင်ပေးရမှာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့လို့ စိုင်းအောင်ခမ်းအား ဖုန်းဆက်သွယ် ခေါ်ခဲ့ရာ မယ်ယန်းဂိတ်ကို ညနေ ၄ နာရီမှာ ရောက်ရှိခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ 

စိုင်းအောင်ခမ်းကို စစ်ဆေးချက်အရ ပူးပေါင်းအဖွဲ့က တရားခံ ငှားရမ်းနေထိုင်တဲ့ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)လမ်း၊ ရွှေနဂါးတိုက်တန်း အိမ်ခန်းငှားရှိ အခန်းနံပါတ် (၄) အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ အိုက်စ် ၈၀၀ ဂရမ်ခန့်၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့် -၄၅ ပစ္စတို ၁ လက်၊ အမ် – ၂၂ ကျည်အိမ် ၄ ခု၊ အမ် – ၁၆ ကျည်အိမ် ၆ ခု၊ ပွိုင့်-၄၅ ကျည်အိမ် ၁ ခု၊ ပွိုင့်-၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမ လူဂါကျည် ၇၅ တောင့်၊ ပွိုင့်-၃၂ ကျည် ၁ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် ၆၆၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၅ လုံး၊ ဆေးပြားရိုက်ရာတွင် အသုံးပြုတဲ့ သံမှို ၁၀၀၀ ချောင်းခန့် နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေ၊ မူးယစ်ဆေးဝါးတွေ၊ လက်နက်၊ခဲယမ်းတွေနဲ့ မော်တော်ယာဉ်တွေကို တာချီလိတ် မြို့မရဲစခန်းဆီ စနစ်တကျလွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်း နဲ့အညီ ဆက်လက် ဆောင်ရွက်မယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)