အွန်လိုင်း စုမဲလုပ်ငန်းတွေကို ခွင့်ပြုထားတာမရှိ၊ တိုင်ကြားလာပါက ရာဇဝတ်မှုနဲ့ အရေးယူမယ်

0
766

အွန်လိုင်း စုမဲလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုထားတာ မရှိဘဲ တိုင်ကြားလာပါက ရာဇဝတ်မှုနဲ့ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး တတိယနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောပါတယ်။

Social Media ဖြစ်တဲ့ Facebook မှာ စုမဲဒိုင်နဲ့ ငွေစုဆောင်းလိုသူတွေက Page တွေ ပြုလုပ်ကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြပါကြောင်း၊ အဲဒီလို ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပေါ် ရာဇဝတ်မှုတွေနဲ့ အရေးယူ ဆောင်ရွက်ခဲ့တာတွေ မရှိပေမယ့်လည်း ငွေစုသူနဲ့ စုမဲဒိုင်တွေအနေနဲ့ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး လိမ်လည်တာ၊ အလွဲသုံးစားပြုလုပ်တာတွေ ဆောင်ရွက်ခဲ့လို့ တည်ဆဲ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) (Cyber Crime) နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ တိုင်းဥပဒေချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။


___________________

___________________

အွန်လိုင်း စုမဲလုပ်ငန်းတွေကို ခွင့်ပြုထားတာမရှိ၊ တိုင်ကြားလာပါက ရာဇဝတ်မှုနဲ့ အရေးယူမယ်

အွန်လိုင်း စုမဲလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုထားတာ မရှိဘဲ တိုင်ကြားလာပါက ရာဇဝတ်မှုနဲ့ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး တတိယနေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်က ပြောပါတယ်။

Social Media ဖြစ်တဲ့ Facebook မှာ  စုမဲဒိုင်နဲ့ ငွေစုဆောင်းလိုသူတွေက Page တွေ ပြုလုပ်ကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာကြပါကြောင်း၊ အဲဒီလို ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပေါ် ရာဇဝတ်မှုတွေနဲ့ အရေးယူ ဆောင်ရွက်ခဲ့တာတွေ မရှိပေမယ့်လည်း ငွေစုသူနဲ့ စုမဲဒိုင်တွေအနေနဲ့ ဆက်သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီး လိမ်လည်တာ၊ အလွဲသုံးစားပြုလုပ်တာတွေ ဆောင်ရွက်ခဲ့လို့ တည်ဆဲ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) (Cyber Crime) နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ တိုင်းဥပဒေချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စုမဲကိစ္စတွေနဲ့ ပတ်သက်ပြီး နစ်နာသူတွေက တိုင်တန်းလို့ အရေးယူ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ တရားရုံး အသီးသီးမှာ တရားစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ စွဲဆိုမှု ၁၂ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ) (Cyber Crime) နဲ့ စွဲဆိုမှုတစ်မှု၊ စုစုပေါင်း ၁၃ မှုအထိ အရေးယူထားပါတယ်။ 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)