အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ကနေဒါ ဝန်ကြီးချုပ်နဲ့ ဆွေးနွေးမယ်

0
283

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါ ခရီးစဉ်အတွင်း ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူနဲ့ တွေ့ဆုံစဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမယ်လို့ ကနေဒါ ဝန်ကြီးချုပ်ရုံးက ကြေညာပါတယ်။

ကနေဒါဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲမှာ အဓိက ကူညီပေးနေတဲ့ အနောက်နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ  ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကနေဒါနဲ့ ဆွီဒင်ကို အလည်အပတ် သွားရောက်မှာ ဖြစ်ပါတယ်။

ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီ အကူးအပြောင်းအလဲ၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး၊ ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ ကောင်းမွန်သော အစိုးရတစ်ရပ်ဖြစ်ရေး၊ လူ့အခွင့်အရေးတွေ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၀၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကနေဒါ ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် ချီးမြှင့်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)