တုံးတောကျေးရွာ စာသင်ကျောင်း သက်ကယ်အလှူခံပြီး အမိုးအကာ ပြုပြင်နေရ

0
293

 

ပဲခူးတိုင်း၊ တောင်ငူ၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ တုံးတောကျေးရွာမှာ ရှိတဲ့ အလယ်တန်းကျောင်း (ခွဲ) လက်ရှိ ကျောင်းဆောင်ကို တစ်အိမ် သက်ကယ် ၃ ပျစ်နဲ့ အလှူခံပြုပြင်နေရပြီး ကျောင်းဆောင်သစ် လိုအပ်နေပါတယ်။

ကျောင်းဆောင်သစ်အတွက် သက်ဆိုင်ရာကို တင်ပြပေမယ့် မရခဲ့လို့ ကိုယ်ထူကိုယ်ထနဲ့ ကျောင်းဆောင်ကို နှစ်စဉ် သက်ကယ်မိုး ပြုပြင်ပေးရတာ ဖြစ်ပါတယ်။

မိုးပက်ပြီး လေလည်း မလုံတဲ့အပြင် ခြင်းလည်း ကိုက်တဲ့ အတွက် စာသင်ကြားမှုမှာ ဒုက္ခရောက်တာကြောင့် ကျာင်းဆောင်သစ်တစ်ခု လိုအပ်နေလို့ သက်ဆိုင်ရာက ဘတ်ဂျတ် ချပေးစေချင်တယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးသိန်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)