MNA မန္တလေး-ဟောင်ကောင် လေယာဉ်လိုင်းသစ် ပြေးဆွဲ

0
306

မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) ရဲ့ မန္တလေး-ဟောင်ကောင် လေယာဉ်လိုင်းသစ်ဖွင့်ပွဲကို ဇွန်လ ၄ ရက်နေ့ မနက် ၉ နာရီက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကျင်းပပါတယ်။

ဘိုးရင်း 737-800NG လေယာဉ်နဲ့ အပတ်စဉ် တနင်္ဂနွေနေ့မှာ ပုံမှန် ပြေးဆွဲမှာ ဖြစ်ပါတယ်။ ခရီးစဉ်ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ မနက် ၇ နာရီခွဲမှာ မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်ကာ ဟောင်ကောင်ကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

ဟောင်ကောင်ကနေလည်း မန္တလေး၊ မန္တလေးကနေ ရန်ကုန်ကို ပြေးဆွဲမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)