တပ်မတော် ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားလုံးတွေအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွတ်

0
403

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ မီဒီယာတွေ အပေါ် ပြောကြားချက်နဲ့ ပက်သက်ပြီး တပ်မတော်က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ မေလ ၅ ရက်နေ့မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်ပါတယ်။

မေလ ၄ ရက်နေ့က နေပြည်တော် စည်ပင်ရိပ်သာမှာ အွန်လိုင်းပေါ်မှာ ပျံ့နှံနေတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ရှင်းလင်း ပြောကြားစဉ်မှာ သတင်းအမှားတွေအတွက် ဘယ်သူ့ကို သံသယရှိပါသလဲဆိုတဲ့ မေးခွန်းနဲ့ပက်သက်ပြီး ဦးဝင်းထိန်ရဲ့ ဖြေကြားချက်ဟာ တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တရားဝင်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဦးဝင်းထိန်ရဲ့ပြောကြားချက်တွေမှာ အခြေအမြစ် ခိုင်လုံခြင်းမရှိတဲ့ သံသယစိတ်အပေါ် အခြေခံပြီး တပ်မတော်ကို ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ကြောင်းနဲ့ သတင်းမီဒီယာနည်းဥပဒေ အခန်း (၄) အရ “အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်း မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း” ဆိုတဲ့ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့် ပြဋ္ဌာန်းချက်ကို ချိုးဖောက်လာအောင် အားပေးအားမြှောက်ပြုရာ ရောက်ခဲ့တယ်လို့ တပ်မတော် ဘက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)