တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေကို ပြည်သူတွေက ထိန်းကျောင်း ရမယ်လို့ သူရဦးရွှေမန်း ပြော

0
401

တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ တာဝန်ရှိသူတွေကို ပြည်သူတွေက ထိန်းကျောင်းသွားရမယ်လို့ သူရဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

မနေ့က မေလ ၄ ရက်နေ့ နေ့စွဲနဲ့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ပက်သက်ပြီး သုံးသပ်ရေးသားရာမှာ ပြည်သူတွေရဲ့ အင်အားက အရေးကြီးကြောင်း ပြောဆိုရေးသားခဲ့တာဖြစ်ပါတယ်။

တရားမျှတတဲ့ ဥပဒေတွေ၊ ပြည်သူတွေအကျိုးစီးပွားဖြစ်စေမယ့် ဥပဒေတွေ ထွက်ပေါ်လာဖို့ ကြိုးစားဆောင်ရွက်နေကြောင်းနဲ့ အဲဒီ ဥပဒေတွေကို ကြီးကြပ်ခန့်ခွဲရတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်း ထည့်သွင်းရေးသားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ပြည်သူတွေက ထိန်းကျောင်းပေးဖို့ လိုအပ်ကြောင်းကိုလည်း သူရဦးရွှေမန်းက မှတ်ချက်ပေးထား တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)