၂၀၁၅-၂၀၁၆ ဘဏ္ဏာနှစ် စာရင်းစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် မကိုင်တွယ် နိုင်ခဲ့ကြောင်း ၀န်ခံ

0
332

၂၀၁၅-၂၀၁၆ ဘဏ္ဏာနှစ် စာရင်းစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် မကိုင်တွယ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ၀န်ခံပြောကြား
လိုက်ပါတယ်။

မေလ ၄ ရက်နေ့ က နေပြည်တော်မှာပြုလုပ်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စာရင်းစစ်ချုပ် ဦးမော်သန်း ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဏာနှစ် အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်နိုင်ခဲ့ဘဲ လာမယ့် ဘဏ္ဏာနှစ်မှာ စာရင်းစစ်ဆေးမှု နည်းဗျူဟာတွေကို ပြောင်းလဲပြီး ကဏ္ဍပေါင်းစုံမှာ ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်သွားမယ်လို့ သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေနဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းက ပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်နဲ့ ဘက်ဂျက်တွေကို လိုအပ်ပါက ပြန်လည်စစ်ဆေးပေးနိုင်ကြောင်းလည်း အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို ၂၀၁၆-၂၀၁၇ ဘဏ္ဏာနှစ်အတွက် စာရင်းစစ်ဆေးမှုကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)