မြန်မာနိုင်ငံက ထင်ရှားတဲ့ ရှေးဟောင်း အမွေအနှစ်တွေ အကြောင်း ပြပွဲနဲ့ စာအုပ်ထုတ်ဝေမှု ပြုလုပ်မယ်

0
244

မြန်မာနိုင်ငံက ထင်ရှားတဲ့ မှတ်တမ်းပြု ရှေးဟောင်းအမွေအနှစ်တွေအကြောင်းကို ပြပွဲနဲ့ စာအုပ်ထုတ်ဝေ မှုတွေကို အခုနှစ်ကုန်ပိုင်းမှာ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အဲ့ဒီ ပြပွဲနဲ့ စာအုပ်ထုတ်ဝေမှုတွေကို ယူနက်စကိုက စီစဉ်နေတဲ့အကြောင်း ယူနက်စကိုရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ် Miss Min Jeong Kim က မေလ ၄ ရက်နေ့ က ရန်ကုန်မြို့ အင်းလျားလိပ် ဟိုတယ်မှာ ပြုလုပ်တဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနက်စ်ကိုဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် မှတ်တမ်း အစီအစဉ်ကို ၁၉၉၂ ခုနှစ်က စတင်ကာ မှတ်တမ်းပြုစုလာခဲ့တာဖြစ်ပြီး အဲ့ဒီလို မှတ်တမ်းပြုလုပ်ရာမှာ လက်ဆုတ်လက်ကိုင် မပြနိုင်တဲ့ အက၊ တေးဂီတ စတဲ့ ယဉ်ကျေးမှုအမွေအနှစ် နဲ့ လက်ဆုတ်လက်ကိုင် ပြနိုင်တဲ့ အထိမ်းအမှတ်၊ အဆောက်အအုံ ၊ မြေနေရာ စတာတွေကို ခွဲခြားပြီး မှတ်တမ်းတင်ပြုစုထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)