ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် မျက်မြင်ပုံရိပ်ပွဲတော် သုံးရက်ကြာ ပြုလုပ်မယ်

0
304

ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ဖြစ် မျက်မြင်ပုံရိပ်ပွဲတော်ကို ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ digital District တို့ပူးပေါင်းပြီး မေလ ၁၂ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ပြင်သစ်ယဉ်ကျေးမှု ဌာနဥယျာဉ်ဝင်းထဲမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီပွဲတော်မှာတော့ ပတ်ပတ်လည်ကြည့်ရှုနိုင်တဲ့ သုံးဖက်မြင် ရပ်ဝန်းတစ်ခုထဲမှာ ကိုယ်ကိုယ်တိုင် အမှန်တကယ်ရောက်ရှိနေတဲ့အလား စီးမျောခံစားနိုင်မယ့် နည်းပညာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ကဏ္ဍပေါင်းစုံက ထက်မြက်တဲ့ လူငယ်တွေစု စည်းတင်ပြသွားမယ့် VR ရုပ်ရှင်အပါအ၀င် အတွေ့အကြုံတွေကို ဖန်တီးကြမယ့် ၄၈ နာရီကြာ Hackathon က VR အနုပညာ ပွဲတော်ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကလေးများနေ့ အစီအစဉ်တွေလည်း ပါဝင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)