ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီကို ဇွန်လအတွင်း ဖွဲ့စည်းမယ်

0
262

ပြီးခဲ့တဲ့ရက်ပိုင်းက ထောက်ပံမှုရရှိခဲ့ပြီး လုပ်ငန်းစဉ်တွေ စတင်ဖို့ ပြင်ဆင်နေတဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC – U) ရဲ့ အစည်းအဝေးပွဲ မှာ ဒေသန္တရအဆင့် (JMC-L) ကော်မတီတွေကို ဇွန်လအတွင်း ဖွဲ့စည်းနိုင်မယ့် အကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။

ဒေသန္တရအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင်ကြည့်ရေးကော်မတီ အဖွဲ့တွေကို ရှမ်းပြည်နယ် လင်းခေးဒေသ ၊ ကရင်ပြည်နယ် ဖာပွန်ဒေသ နဲ့ ပဲခူးတိုင်း မောဂလိဒေသ တွေမှာ စတင်ဖွဲ့စည်းထားရှိသွားမှာဖြစ်ပါတယ်။

လက်ရှိမှာ တပ်မတော် က မိုင်းရှင်းလင်းရေးကိစ္စရပ်တွေအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ သဘောတူညီထားပြီး တပ်မတော်က ဦးဆောင်ပြီးဖြစ်စေ ၊ နည်းပညာထောက်ပံပြီးဖြစ်စေ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ JMC ပြည်ထောင်စုအဆင့်ကော်မတီ ရဲ့ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင် က အဲဒီဆွေးနွေးပွဲမှာ ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)