၆၆(ဃ) ပြင်ဆင်ဖို့ ဥပဒေကြမ်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး တင်ပြထား

0
287

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံး ကို ပေးပို့ထားပြီဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ပြောပါတယ်။

မေလ ၄ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အစိုးရရဲ့ ပထမတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုတွေကို ရှင်းလင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်မှုအပေါ် အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က အဲဒီလို ပြောကြားခဲ့တာပါ။

လက်ရှိမှာ အဲဒီဥပဒေပုဒ်မနဲ့ ပက်သက်ပြီး ဥပဒေကြောင်းအရ လိုအပ်တဲ့ အကြံပြုချက်တွေနဲ့ အာမခံပေးလို့ရတဲ့အမှုအဖြစ် သတ်မှတ်နိုင်ဖို့ စိစစ်အကြံပြု ထားတယ်လို့လည်း ပြောပါတယ်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုမှုတွေဟာ အစိုးရသစ်လက်ထက်မှာ ပိုမိုများပြားလာခဲ့တာကြောင့် ဒီဥပဒေနဲ့ပက်သက်ပြီး ပြင်ဆင်လိုသူတွေနဲ့ မပြင်ဆင်လိုတဲ့ ထောက်ခံသူတွေလည်း ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)