နိုင်ငံခြားသား ဧည့်သည်တွေ အဆင်ပြေစေဖို့ ပြည်ဝင်ခွင့် ဗီဇာစနစ်ကို ပြင်ဆင်

0
298

မြန်မာပြည်တွင်းမှာ သွားလာလှုပ်ရှားနေတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အတွက် ပြည်ဝင်ခွင့် ဗီဇာစနစ်ကို အရင်က ၆ မျိုး နဲ့ ခွင့်ပြုခဲ့တာဖြစ်ပေမဲ့ လက်ရှိမှာတော့ ၁၂ မျိုးအထိ ပြင်ဆင် ခွင့်ပြုထားလိုက်ပြီ ဖြစ်ပါတယ်။

မေလ ၄ ရက်နေ့ က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံခြားသားများ ဥပဒေနှင့်အညီ တည်းခိုနေထိုင်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က နိုင်ငံခြားတွေ ပြည်ဝင်ခွင့် ဗီဇာစနစ် ပြောင်းလဲပုံနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။

ပြင်ဆင်ခွင့်ပြုတဲ့ ပြည်ဝင်ဗီဇာ ၁၂ မျိုးထဲက လုပ်ငန်းဗီဇာ၊ လူမှုရေး ဗီဇာ၊ သာသနာရေးဗီဇာ၊ နိုင်ငံတကာ အဖွဲ့အစည်းများဗီဇာ၊ ပညာရေးဗီဇာ နဲ့ ယာဉ်အမှုထမ်းဗီဇာ စတဲ့ ဗီဇာ ခြောက်မျိုးကို သုံးလ၊ ခြောက်လ၊ တစ်နှစ်နေခွင့် သက်တမ်း နဲ့ အကြိမ် ကြိမ် ပြည်ဝင်ခွင့်ဗီဇာတွေ အဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

နေထိုင်ခွင့် သက်တမ်းတိုးမြှင့်မှုအပိုင်းမှာလည်း ဗီဇာ အမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးသွင်းပြီး တကြိမ်နဲ့အထက် အကြိမ်ကြိမ် ပြည်ဝင်ခွင့်တွေ ခွင့်ပြုပေးခဲ့တယ်လို့ ပြည်ထောင်စု ၀န်ကြီးက ရှင်းလင်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)