မြန်မာနိုင်ငံနဲ့ ဗာတီကန်မြို့ပြ နိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ထူထောင်

0
294

အီတလီနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗာတီကန်းနန်းတော်မှာ ပုပ်ရဟန်မင်းကြီးနဲ့ တွေ့ဆုံမှုအပြီးမှာ မြန်မာနိုင်ငံနဲ့ ဗာတီကန်မြို့ပြနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ထူးထောင်တဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများနဲ့ သံတမန်ဆက်ဆံမှုတိုးချဲ့ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဗာတီကန်မြို့ပြနိုင်ငံဟာ မြန်မာနိုင်ငံ ရဲ့ ၁၁၈ နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်တဲ့နိုင်ငံဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာတိကန်မြို့ပြနိုင်ငံ အစိုးရအဖွဲ့ အတွင်းရေးမှူး ဘုန်ုးတော်ကြီး Pietro Parolin တို့တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ် တိုးတတ်ပြောင်းလဲမှု ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကြိုပမ်းဆောင်ရွက်နေမှုတွေကို ဆွေးနွေး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr.angelino Alfano နဲ့ မြန်မာ အီတလီ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေ ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ထားမှု နဲ့ အီတလီနိုင်ငံက မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ နဲ့ အမျိုးသားစည်လုံးညီညွှတ်ရေး အပေါ်ဆက်လက်ထောင်ခံသွားမယ့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)