မြစ်ဝကျွန်းပေါ်မှာ ကျောက်မီးသွေးစက်ရုံတွေ တည်ဆောက်ပါက နာဂစ် ထပ်ဖြစ်နိုင်

0
331

မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ကျောက်မီးသွေးစက်ရုံ တည်ဆောက်ပါက နောက်တစ်ကြိမ် နာဂစ်နဲ့ ထပ်ကြုံရမှာ ဖြစ်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်ပါတယ်။

မေလ ၄ ရက်နေ့က ဗိုလ်တထောင်ဘုရားလမ်းမှာရှိတဲ့ Orchid Hotel မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကျောက်မီးသွေးအန္တရာယ် အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားမှာ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အဲဒီလို ပြောဆိုလိုက်တာပါ။

လက်ရှိအစိုးရအနေနဲ့ ကျောက်မီးသွေးစက်ရုံ (၁၀)ရုံကို ဆောက်လုပ်ဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ် နေတာလည်းဖြစ်ပါတယ်။

နိုင်ငံတကာ လေ့လာစမ်းစစ်ချက်တွေအရ ကျောက်မီးသွေးစက်ရုံတွေကို မြစ်ဝကျွန်းပေါ်ဒေသတွေမှာဆောက် လုပ်ပါက နာဂစ်လိုမျိုး ဆုံးရှုံးမှုကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေ ထပ်မံကြုံတွေ့ရနိုင်တယ်လို့ ထောက်ပြ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)