Voice for Wildlife ဂီတပြဲေတာ္ က်င္းပမယ္

0
778

ေတာ႐ိုင္းတိရစာၦန္ထြက္ ပစၥည္းေတြ တရားမဝင္ ေရာင္းဝယ္ေဖာက္ကားေနမႈကို ရပ္တန္႔ေရး လႈပ္ရွားမႈ ဂီတပြဲေတာ္ Voice for Wildlife ကို ဧၿပီလ ၇ ရက္ေန႔ ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလပန္းၿခံမွာ က်င္းပမွာ ျဖစ္ပါတယ္။

ဂီတပြဲေတာ္ကို မိုမိုတို႔အတြက္ ရင္တြင္းစကားသံ (Voices for Momos) အဖြဲ႔နဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံ႐ံုးတို႔ ပူးေပါင္းၿပီး က်င္းပမွာ ျဖစ္ပါတယ္။ ဂီတ ေဖ်ာ္ေျဖပြဲမွာ ဘန္နီၿဖိဳး၊ ျခဴးစစ္ဟန္၊ ေက်ာ္သီဟ၊ အိုင္းရင္းဇင္မာျမင့္၊ ပန္းေရာင္ျခယ္၊ ဝိုင္းေလး၊ ဇြဲျပည့္နဲ႔ တျခား ပညာရွင္ေတြလည္း ေဖ်ာ္ေျဖမွာ ျဖစ္ပါတယ္။

ေတာ႐ိုင္းတိရစာၦန္ပစၥည္းေတြ တရားမဝင္ ကုန္ကူးေနတာေတြကို အၿပီးသတ္ ႏွိမ္နင္းႏိုင္ေအာင္ ခိုင္မာတဲ့ ဥပေဒတစ္ခု ျပ႒ာန္းေပးဖို႔ကိုလည္း ျမန္မာႏိုင္ငံဆိုင္ရာ ဒိန္းမတ္သံအမတ္ႀကီး မစၥတာ ပီတာ လိုင္ေရွာ့တ္ ဟန္ဆင္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Voice for Wildlife ဂီတပွဲတော် ကျင်းပမယ်

တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်ဖောက်ကားနေမှုကို ရပ်တန့်ရေး လှုပ်ရှားမှု ဂီတပွဲတော် Voice for Wildlife ကို ဧပြီလ ၇ ရက်နေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဂီတပွဲတော်ကို မိုမိုတို့အတွက် ရင်တွင်းစကားသံ (Voices for Momos) အဖွဲ့နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးတို့ ပူးပေါင်းပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ဂီတ ဖျော်ဖြေပွဲမှာ ဘန်နီဖြိုး၊ ခြူးစစ်ဟန်၊ ကျော်သီဟ၊ အိုင်းရင်းဇင်မာမြင့်၊ ပန်းရောင်ခြယ်၊ ဝိုင်းလေး၊ ဇွဲပြည့်နဲ့ တခြား ပညာရှင်တွေလည်း ဖျော်ဖြေမှာ ဖြစ်ပါတယ်။

တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ တရားမဝင် ကုန်ကူးနေတာတွေကို အပြီးသတ် နှိမ်နင်းနိုင်အောင် ခိုင်မာတဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းပေးဖို့ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး မစ္စတာ ပီတာ လိုင်ရှော့တ် ဟန်ဆင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)