DVB နယ်သတင်းထောက်ကို ဆက်သွယ်ရေး ပုဒ်မနဲ့ တရားစွဲ

0
353

ပဲခူးတိုင်း၊ လက်ပံတန်း ရဲစခန်းက DVB နယ်သတင်းထောက် ဦးဝဏ္ဏထွန်းကို ဆက်သွယ်ရေးပုဒ်မ ၆၈ (က) နဲ့ ဒီနေ့ ဧပြီ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာမှာ တောင်သူလယ်သမားချေးငွေ ထုတ်ယူတဲ့အခါ အုပ်ချုပ်ရေးမှူးတွေက လယ် ၄ ဧကကို ၁၀ အထိပြပြီး ချေးငွေ ထုတ်သုံးတယ်လို့ သတင်းရေးသားခဲ့တဲ့ အတွက် ရေငံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးက အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

“တိုင်ထားတာ ကြာပြီ၊ သူတို့က ဘယ်လို လုပ်ရသလဲဆိုတော့ စက်ရှင်တောင်းတာတို့၊ ဖမ်းခွင့်တင်တာတို့၊ ဥပဒေအကြံတောင်း တင်တာတို့နဲ့ ကြားမှာ ကြာသွားတယ်။ ၁ ရက် ၄ လကျမှ ရဲစခန်းက အကြောင်းကြားတယ်၊ လာရောက် အဖမ်းခံပါ ဆိုပြီးတော့” လို့ ဦးဝဏ္ဏထွန်းက DVB မှာ ပြောထားပါတယ်။

ဆက်သွယ်ရေးပုဒ်မ ၆၈ (က) မှာ မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း၊ သို့မဟုတ် ပေးဝေခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း လုပ်ခဲ့ရင် ထိုသူဟာ တနှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမျတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီနေ့ အဖမ်းခံခဲ့ရတဲ့ နယ်သတင်းထောက် ဦးဝဏ္ဏထွန်းကို လက်ပံတန်းမြို့နယ် တရားရုံး တရားသူကြီး ဒေါ်ဖြူဖြူလတ်က ငွေကျပ် ၁၀ သိန်းနဲ့ အာမခံ ပေးလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)