မြိတ်မှာ ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်ပြီး ထရန်စဖော်မာကို ဝင်တိုက်

0
305

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မှန်လုံ ဘုရားဖူးယာဉ် တစ်စီးဟာ ဒီနေ့ မနက် ၂ နာရီခွဲမှာ လမ်းဘေးရှိ ထရန်စဖော်မာနဲ့ ဓာတ်တိုင်တွေကို ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

သန်းဌေးနှင့် ရောင်းရင်းများ ဘုရားဖူးယာဉ်ဟာ မြိတ်မြို့၊ ကန်ဖျားရပ်ကွက်၊ မြေနီလမ်းလေးဆုံ အကွေ့မှာ မျက်နှာချင်းဆိုင်က မောင်းလာတဲ့ ဆိုင်ကယ်ကို တိမ်းရှောင်ရင်း အခုလို တိုက်မိတာ ဖြစ်ပါတယ်။

ကားပေါ်မှာ ခရီးသည် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၀ ဦး လိုက်ပါလာတယ်လို့ ခရီးသည်တစ်ဦးဖြစ်သူ ဦးကျော်မြင့်က ပြောပါတယ်။ ယာဉ်မောင်း ဦးတင်ထွဋ်အောင် (၃၃ နှစ်) ကို ဖမ်းဆီးအရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)