၂၀၁၆ မှာ မြန်မာ ၃ သန်းကျော် ပြည်ပကို သွားရောက်ခဲ့

0
308

၂၀၁၆ ခုနှစ်မှာ စီးပွားရေး၊ အပမ်းဖြေဖို့နဲ့ ကျန်းမာရေးတို့အတွက် ပြည်ပကို သွားရောက်တဲ့ မြန်မာနိုင်ငံသား ၃ သန်းကျော် ရှိခဲ့ပါတယ်။

“သင်္ကြန်ရောက်ဖို့ နီးလာတာနဲ့အတူ Visa ကဒ်ကို သုံးစွဲမှုက သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်ကာလ အတွင်းမှာ ပိုမို များပြားလာပါတယ်။ မနှစ်ကဆိုရင် ခရီးသွားလာသူများရဲ့ Visa ကဒ်ကို သုံးစွဲမှုဟာ တမြန်မနှစ်ကထက် ၆၀ ရာခိုင်နှုန်း ပိုမိုလာခဲ့ပါတယ်။ ဒီနှစ်မှာလည်း အလားတူပဲ တိုးတက်မှုမျိုး ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ Visa Country Manager (Myanmar) မစ္စတာ ပလန်နဲလ် (Mr. Planell) က ပြောကြားပါတယ်။

မကြာခင်က ၄ ရက်တာ ကျင်းပခဲ့တဲ့ Visa Travel Fair ကာလအတွင်း ကြိုတင်ငွေသွင်းစနစ်နဲ့ ငွေပေးချေနိုင်တဲ့ Visa Prepaid ကဒ်ပေါင်း ၂၀၃၈ ကဒ် စာရင်းသွင်း ဖွင့်ခဲ့ကြပြီး လေယာဉ်လက်မှတ် ပေါင်း ၁၂၅ စောင်နဲ့ ကျန်းမာရေးစစ်ဆေးတဲ့ ၀န်ဆောင်မှု ၆၇၁ ခု၊ စုစုပေါင်း ကျပ်ငွေ သန်းပေါင်း ၅၈၀ ကျော် ရောင်းချခဲ့ရပါတယ်။

Visa က လတ်တလော ပြုလုပ်ထားတဲ့ စစ်တမ်းတွေအရ  မြန်မာနိုင်ငံက လူ ၁၀ ယောက်မှာ ၈ ယောက် (၈၄ ရာခိုင်နှုန်းခန့်) ဟာ  ဆန်းသစ်မှုတွေ တွေ့မြင်လေ့လာ နိုင်ဖို့အတွက် နိုင်ငံခြားကို သွားရောက်လိုတယ်လို့ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)