ဦးဝီရသူကို အရေးယူပေးဖို့ တရားရုံးကို ဦးတိုက် လျှောက်ထားမှု ပယ်ချခံရ

0
287

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ် တရားရုံးမှာ ဦးဝီရသူကို ရာဇသတ်ကြီး ဥပဒေအရ အရေးယူပေးဖို့ ဦးမင်းလှိုင်ဆိုက ဦးတိုက် လျှောက်ထားမှုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၇၇ နဲ့ မညီညွတ်ဘူးလို့ ပယ်ချလိုက်ပါတယ်။

ဦးတိုက် လျှောက်ထားသူကတော့ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်မှာ နေတဲ့ ဦးမင်းလှိုင်ဆိုသူ ဖြစ်ပါတယ်။

ဦးဝီရသူ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာမှာ ကျင်းပတဲ့ တရားပွဲ ဟောပြောချက်ဟာ အင်တာနက်ကနေ တဆင့် ပျံ့နှံ့နေပြီး ဘုရားဟော တရားများနဲ့ ညီညွတ်ခြင်း မရှိကြောင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို အရက်သမား၊ ဘိန်းစား၊ ခွေး၊ သံဃာတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့ တိုက်တွန်းထားကြောင်းတွေ ဦးတိုက် လျှောက်ထား တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)