Myanmar Now က ဦးဆွေဝင်းကို အပြစ်မရှိဘူးလို့ သာသနာရေးဝန်ကြီးဌာန မှတ်ချက်ပေး

0
313

ဦးဝီရသူ (ဦးဝိစိတ္တာဘိဝံသ) ကို ဝေဖန်တယ်ဆိုပြီး Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်း အမှုဖွင့် တိုင်ကြားထားတဲ့ အမှု နှစ်မှုနဲ့ ပတ်သက်လို့ အပြစ်မရှိဘူးလို့ သာသနာရေး ဝန်ကြီးဌာနက သဘောထားမှတ်ချက် ပြန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဦးဝီရသူကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ဖေ့စ်ဘုတ်မှာ ရေးသားတယ်ဆိုပြီး မန္တလေး၊ မဟာအောင်မြေ ရဲစခန်းမှာ တစ်မှု၊ သတင်းစာရှင်းလင်းပွဲမှာ ပါရာဇိက ကျတယ်လို့ ဖြေကြားမှုနဲ့ ကျောက်တံတား ရဲစခန်းမှာ တစ်မှု ဦးဝီရသူတပည့် ဦးကျော်မျိုးရွှေက အမှုဖွင့် တိုင်ကြားထားတာ ဖြစ်ပါတယ်။

ဖေ့စ်ဘုတ်မှာ ရေးသားချက်နဲ့ ပတ်သက်ပြီး မဟနက တရားဟောခွင့် ပိတ်ရတဲ့အထိ ဦးဝီရသူရဲ့ ပြုမူပြောဆိုမှုတွေ ရှိခဲ့လို့ တာဝန်ရှိ သတင်းသမား တစ်ဦးအနေနဲ့ ဝေဖန်ထောက်ပြတာဖြစ်တယ်လို့ သာသနာရေးဝန်ကြီးဌာနရဲ့ အကြောင်းပြန်စာမှာ ပါရှိပါတယ်။

သာမန်ထေရဝါဒ ဗုဒ္ဓဘာသာဝ င်တစ်ယောက်တောင် စောင့်စည်းအပ်တဲ့ ဝစီဒုစရိုက် ၄ ပါးကို ဦးဝီရသူက ကျူးလွန်နေတာကြောင့် ထပ်ဆင့် ဝေဖန် ဖော်ပြတာဖြစ်လို့ ပုဒ်မ ၆၆ (ဃ) နဲ့ မငြိစွန်းဘူး၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ကိုလည်း ကျူးလွန်ရာမရောက်ဘူးလို့ အကြောင်းကြားစာမှာ အကျယ်တဝင့် ရှင်းလင်းထားပါတယ်။

မဟနက တရားဟောခွင့် တစ်နှစ်ပိတ်ပင်ရလောက်အောင် ပြောဆိုပြုမူတဲ့ ဦးဝီရသူနဲ့ ပတ်သက်လို့ ဦးဆွေဝင်း မှတ်ချက်စကားတွေဟာ သာသနာ တစ်ရပ်ရပ်အပေါ် စိတ်ကိုနာကြည်းစေရန် တမင် မသမာသော အကြံဖြင့် ကျူးလွန်ရာ မရောက်ဘူးလို့ သာသနာရေး ဝန်ကြီးကိုယ်စား ညွှန်ကြားရေးမှူးက အကြောင်းပြန်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)