ပေါက်တောမှာ သေနတ်လုယူစဉ် ကျည်ထွက်ပြီး သေဆုံး

0
293

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အရှေ့ဖရုံကာကျွန်းရှိ နတ်ရှင် ကျေးရွာမှာ သေနတ်လုယူစဉ် ကျည်ထွက်ပြီး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မနေ့ ဧပြီလ ၄ ရက်နေ့က နတ်ရှင်ကျေးရွားနေ ဦးမောင်သန်းက သောက်စားမူးယစ်ပြီး ဆဲဆိုရမ်းကားနေတဲ့အတွက် နတ်ရှင် ရဲကင်းကို ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီလို ခေါ်လာစဉ် ဦးမောင်သန်းရဲ့ ယောက်ဖဖြစ်သူ မောင်ဖြူဒေါင်းက ရဲတပ်သား ထွန်းလင်း ကိုင်ဆောင်ထားတဲ့ ဘီအေ-၆၃ သေနတ်ကို ဝင်လုတာ ဖြစ်ပါတယ်။

အဲဒီလို လုယူစဉ် သေနတ် မောင်းခလုတ် ဆွဲမိပြီး ကျည်ထွက်ကာ မောင်ဖြူဒေါင်း ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်တောပြည်သူ့ဆေးရုံကို ပို့ပြီး ကုသနေစဉ် ည ၁၁ နာရီမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)