မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ၁၅၀ နီးပါး အဖမ်းခံရ

0
294

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ၁၅၀ နီးပါးကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ဆက်တိုက် ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ သင်္ကြန်ကာလမှာ ပြန်လာသူတွေလည်း ဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတပ်ဖွဲ့က အစုလိုက်အပြုံလိုက် လိုက်လံဖမ်းဆီးနေပြီး မြ၀တီမဲဆောက် ချစ်ကြည်ရေးတံတားပေါ်မှာ အဖမ်းခံရသူ အများဆုံးဖြစ်ပါတယ်။

ဧပြီလ ၂ ရက်နေ့ကစလို့ ၄ ရက်နေ့အထိ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၅၀ နီးပါးအထိ ရှိသွားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)