နွားအရောင်းအဝယ်မှာ ငွေ နှစ်သိန်းတောင်းတဲ့ ဒုရဲအုပ်ကို တရားစွဲ အရေးယူ

0
419

တောင်သူလုပ်ငန်းမှာ သုံးဖို့ နွားထီးနှစ်ကောင် ဝယ်ယူလာသူဆီကနေ ကျပ်ငွေ နှစ်သိန်း တောင်းတဲ့အတွက် ဒု ရဲအုပ်တစ်ဦး အဂတိလိုက်စာမှုနဲ့ တရားစွဲဆို အရေးယူခံလိုက်ရပါတယ်။

မန္တလေးတိုင်း စဉ်ကိုင်မြို့ မြို့မရဲစခန်းက ဒု ရဲအုပ် စိုးမိုးအောင်ဟာ ဇော်ဂျီကျေးရွာနဲ့ ကျောက်တန်း ကျေးရွာတို့ကနေ နွားထီးနှစ်ကောင် ဝယ်ယူလာသူဆီကနေ ဖေဖော်ဝါရီလ ၄ ရက်နေ့က ငွေ နှစ်သိန်း တောင်းခဲ့တာ ဖြစ်ပါတယ်။ နွားဝယ်သူထံမှာ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် ပါပါတယ်။

ငွေးတောင်းခြင်း ခံရတဲ့ နစ်နာသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့ပြီး စစ်ဆေးခဲ့ရမှာ ငွေတောင်းယူကြောင်း ပေါ်ပေါက်ခဲ့တဲ့အတွက် မန္တလေးတိုင်း တရားလွှတ်တော်မှာ ဧပြီလ ၄ ရက်နေ့က တရားစွဲဆို အရေးယူထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)