၁၅ ဦးသေဆုံးတဲ့ မကွေး ကာရာအိုကေ မီးလောင်မှု လျှပ်စစ်ကို လက်လွယ်စပယ် သုံးစွဲမှုကြောင့် ဖြစ်

0
255

မကွေးမြို့ရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေ စားသောက်ဆိုင် မီးလောင်မှုမှာ ၁၅ ဦး သေဆုံးခဲ့ပြီး အကြောင်းအရင်းကို စစ်ဆေးရာမှာ လျှပ်စစ် Over Heat ဖြစ်ပြီး မီးလောင်ခဲ့တာ ဖြစ်တယ်လို့ မကွေးမြို့မ ရဲစခန်းက ပြောပါတယ်။

အိမ်သုံးမီတာ တစ်လုံးကို အဲယားကွန်း ငါးလုံး၊ ရေခဲသေတ္တာ နှစ်လုံး အသုံးပြုထားတဲ့အတွက် Over Heat ဖြစ်ကာ မီးလောင်တာလို့ ရဲစခန်းမှူး ဒုရဲမှူး စိန်အောင်က ကြေးမုံသတင်းစာကို ပြောပါတယ်။

ကာရာအိုကေဆိုင်ကို ငှားရမ်းလုပ်ကိုင်သူ ဦးရဲညွန့်၊ ဖက်စက်လုပ်ကိုင်သူ ဦးကိုကိုနိုင်တို့ကို မီးပေါ့ဆစွာ သုံးစွဲမှု၊ လူသေမှုတို့နဲ့ အမှုဖွင့် တရားစွဲဆိုထားပါတယ်။ လောလောဆယ်တော့ ဦးကိုကိုနိုင်က ထွက်ပြေး တိမ်းရှောင်နေပါတယ်။

မီးလောင် သေဆုံးသူတွေထဲမှာ ကျပန်းလုပ်ကိုင်သူတွေ၊ တိုင်းပညာရေးမှူးရုံးက အငယ်တန်းစာရေး၊ မုန့်လုပ်ငန်းလုပ်ကိုင်သူ၊ ဘဏ်ဝန်ထမ်း၊ ဒုအရာခံဗိုလ်နဲ့ တပ်ကြပ်၊ ကေတီဗီ အလုပ်သမတွေ ပါဝင်ပါတယ်။ အလုပ်သမ တစ်ဦးကတော့ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် တင်ထားရပါတယ်။

အမှုကို စီအိုင်ဒီကလည်း ကိုင်တွယ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)