နောင်လာမယ့် မဟာသင်္ကြန်ကို ပြည်သူတွေမျော်လင့်ထားတဲ့ အတိုင်းကြိုးစား လုပ်ဆောင်သွားမယ်လို့ ဆို

0
373

၂၀၁၆ မဟာသင်္ကြန်မှာ စီးပွားဖြစ်ဆောက်လုပ်ကြမယ့် ရေကစားမဏ္ဍပ်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရကပိတ်ပင်လိုက်တဲ့အတွက်သင်္ကြန်တွင်းမဏ္ဍပ်ဆောက်စီးပွားရှာသူများ၊အနုပညာရှင်များ၊လူငယ်များအနေနဲ့ အခက်အခဲအချို့ ရှိခဲ့ပြီး ပိတ်ပင်မှုအပေါ်မှာ ဝေဖန်မှုများလည်း ထွက်ပေါ်စေခဲ့ပါတယ်။

တားမြစ်ပိတ်ပင်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းက ဧပြီလ ၄ရက်နေ့မှာ ဂီတအနုပညာရှင်နဲ့ တွေဆုံပြီး လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအတွင်း ဘတ်ဂျက်ငွေ လုံလောက်မှု မရှိခြင်း၊အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နေခြင်း၊ယာဉ်ကြောများပိတ်ဆို့မှုဖြစ်ပေါ်စေခြင်းတို့အပြင် မြန်မာရိုးရာ သင်္ကြန်ကို မလိုလားအပ်တဲ့ လုပ်ဆောင်မှုများကြောင့် အကျည်းမတန်စေရန် လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ရင်းနှီးပွင့်လင်းစွာ ပြောကြားလိုက်ပါတယ်။အဲဒီလိုပြောကြားလိုက်တဲ့ အတွက် အားလုံးပြေလည်မှုရရှိခဲ့ကြပြီး
ဂီတအနုပညာရှင်များကလည်း၎င်းတို့ကြုံတွေနေရတဲ့ အခက်အခဲများထဲကအဓိကကျတဲ့ တေးစီးရီးလောကမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ ခိုးကူးခွေ ထုတ်လုပ်ရောင်းချနေသူများအား ထိရောက်တဲ့ အရေးယူမှုများ ပြုလုပ်ပေးရန်တောင်းဆိုခဲ့ကြပါတယ်၊။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)