တကၠသိုလ္ ဆရာ၊ ဆရာမေတြရဲ႕ ၈၀ ရာခိုင္ႏႈန္းမွာ အိမ္ငွားေနထုိင္သူေတြ ျဖစ္

0
311
devices -->

တကၠသိုလ္က ဆရာ၊ ဆရာမေတြရဲ႕ ေနထိုင္မႈအိမ္ယာ စစ္တမ္းေကာက္ယူေနၿပီး ၈၀ ရာခိုင္ႏႈန္းမွာ အိမ္ငွားေနထိုင္သူေတြ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌးကေပးပို႔ထားပါ တယ္။
တကၠသိုလ္အဆင့္က အဆင့္ျမင့္ပညာ ဆရာ၊ ဆရာမေတြရဲ႕ ေနထိုင္မႈနဲ႔ပတ္သက္လို႔ စစ္တမ္းေတြ ေကာက္ယူေနၿပီး အိမ္ယာေတြအေကာင္အထည္ေဖာ္ေပးဖို႔ ေဆာင္ရြက္ေနတာပါ။

]အဲဒီစာရင္းကို ၂၀၁၇ ခုႏွစ္ကတည္းက ေကာက္ခံေနတာျဖစ္ၿပီး စာရင္းေကာက္ခံခ်က္အရ ၈၀ ရာခိုင္ႏႈန္းမွာ အိမ္ငွားေနထိုင္သူမ်ားျဖစ္ၿပီး ၅ ရာခိုင္ႏႈန္းက မိဘနဲ႔အတူေနထိုင္သူေတြ ျဖစ္တယ္လို႔ လည္း ေျပာပါတယ္။

ဒါ့အျပင္ ပင္စင္ယူသြားတဲ့ ဆရာ၊ ဆရာမေတြကိုလည္း အိုးပိုင္အိမ္ပိုင္နဲ႔ျဖစ္ေအာင္ ကူညီေဆာင္ရြက္ ေပးဖို႔လည္း နည္းလမ္းရွာေဖြေနတယ္လို႔ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ ႏိုင္ငံတကာဆက္ဆံေရး ပညာဌာနရဲ႕ ကထိက ဦးလိႈင္တင့္ကေျပာပါတယ္။

Soundbite; ဦးလိႈင္တင့္(ကထိက)
ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ႏိုင္ငံတကာဆက္ဆံေရးပညာဌာန

ေဖေဖာ္၀ါရီလ ေနာက္ဆံုးပတ္က ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ေျမေနရာလွဴမယ္လို႔ေျပာထားတာေၾကာင့္ အစိုးရအဖြဲ႕နဲ႔ ညွိႏႈိင္းေဆာင္ရြက္သြားမွာျဖစ္ၿပီး အခုလပိုင္းထဲမွာ ညွိႏႈိင္းဖို႔ရွိတယ္လို႔ လည္းေျပာပါတယ္။
Soundbite; ဦးလိႈင္တင့္(ကထိက)
ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ႏိုင္ငံတကာဆက္ဆံေရးပညာဌာန

ဆရာ၊ ဆရာမေတြရဲ႕ လူမႈဘ၀လံုၿခံဳစိတ္ခ်မႈမရွိတဲ့ ျပသနာေတြက အေျခခံပညာအဆင့္မွာ မ်ားျပားေန တာေၾကာင့္ ေနထိုင္ရတဲ့ေနရာ၊ ေဒသေတြက လံုၿခံဳစိတ္ခ်ရမႈမရွိတဲ့အေျခအေနကို တိတိက်က် စာရင္းေကာက္ယူေနတာေတြလည္း လုပ္ေဆာင္ေနတယ္လို႔ေျပာပါတယ္။
တကၠသိုလ္ဆရာ၊ ဆရာမေတြအတြက္ အိမ္ယာေဖာ္ေဆာင္ေပးဖို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ေျပာထားတာရွိေပမယ့္ ၀န္ႀကီးဌာနအေနနဲ႔ကေတာ့ အိမ္ယာေဖာ္ေဆာင္ေပးမယ့္အေပၚ ေလာေလာဆယ္ တုန္႔ျပန္မႈမရွိေသးဘူးလို႔လည္း ေျပာပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ ၈၀ ရာခိုင်နှုန်းမှာ အိမ်ငှားနေထိုင်သူတွေ ဖြစ်

တက္ကသိုလ်က ဆရာ၊ ဆရာမတွေရဲ့ နေထိုင်မှုအိမ်ယာ စစ်တမ်းကောက်ယူနေပြီး ၈၀ ရာခိုင်နှုန်းမှာ အိမ်ငှားနေထိုင်သူတွေ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေးကပေးပို့ထားပါ တယ်။
တက္ကသိုလ်အဆင့်က အဆင့်မြင့်ပညာ ဆရာ၊ ဆရာမတွေရဲ့ နေထိုင်မှုနဲ့ပတ်သက်လို့ စစ်တမ်းတွေ ကောက်ယူနေပြီး အိမ်ယာတွေအကောင်အထည်ဖော်ပေးဖို့ ဆောင်ရွက်နေတာပါ။

]အဲဒီစာရင်းကို ၂၀၁၇ ခုနှစ်ကတည်းက ကောက်ခံနေတာဖြစ်ပြီး စာရင်းကောက်ခံချက်အရ ၈၀ ရာခိုင်နှုန်းမှာ အိမ်ငှားနေထိုင်သူများဖြစ်ပြီး ၅ ရာခိုင်နှုန်းက မိဘနဲ့အတူနေထိုင်သူတွေ ဖြစ်တယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် ပင်စင်ယူသွားတဲ့ ဆရာ၊ ဆရာမတွေကိုလည်း အိုးပိုင်အိမ်ပိုင်နဲ့ဖြစ်အောင် ကူညီဆောင်ရွက် ပေးဖို့လည်း နည်းလမ်းရှာဖွေနေတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပညာဌာနရဲ့ ကထိက ဦးလှိုင်တင့်ကပြောပါတယ်။

Soundbite; ဦးလှိုင်တင့်(ကထိက)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နိုင်ငံတကာဆက်ဆံရေးပညာဌာန

ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေနေရာလှူမယ်လို့ပြောထားတာကြောင့် အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး အခုလပိုင်းထဲမှာ ညှိနှိုင်းဖို့ရှိတယ်လို့ လည်းပြောပါတယ်။
Soundbite; ဦးလှိုင်တင့်(ကထိက)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နိုင်ငံတကာဆက်ဆံရေးပညာဌာန

ဆရာ၊ ဆရာမတွေရဲ့ လူမှုဘဝလုံခြုံစိတ်ချမှုမရှိတဲ့ ပြသနာတွေက အခြေခံပညာအဆင့်မှာ များပြားနေ တာကြောင့် နေထိုင်ရတဲ့နေရာ၊ ဒေသတွေက လုံခြုံစိတ်ချရမှုမရှိတဲ့အခြေအနေကို တိတိကျကျ စာရင်းကောက်ယူနေတာတွေလည်း လုပ်ဆောင်နေတယ်လို့ပြောပါတယ်။
တက္ကသိုလ်ဆရာ၊ ဆရာမတွေအတွက် အိမ်ယာဖော်ဆောင်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောထားတာရှိပေမယ့် ဝန်ကြီးဌာနအနေနဲ့ကတော့ အိမ်ယာဖော်ဆောင်ပေးမယ့်အပေါ် လောလောဆယ် တုန့်ပြန်မှုမရှိသေးဘူးလို့လည်း ပြောပါတယ်ရှင်။