အလုပ္မထုတ္ဖို႔ ခံုသမာဓိေကာင္စီက သတ္မွတ္ထားေပမယ့္ အလုပ္ရွင္ေတြ လိုက္နာမႈ မရွိ

0
179

အလုပ္ရွင္၊ အလုပ္သမား အျငင္းပြားမႈျပႆနာျဖစ္ရင္ အလုပ္သမားေတြကို အလုပ္မထုတ္ဖို႔ ခံုေကာင္စီက သတ္မွတ္ထားေပမယ့္ အလုပ္ရွင္ေတြဘက္က လုိက္နာမႈမရွိဘူးလို႔ ခံုသမာဓိေကာင္စီ အဖြဲ႕က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ေဌးေဌး ကေပးပို႔ထားပါတယ္။

အလုပ္ရွင္၊ အလုပ္သမားအျငင္းပြားမႈေတြမွာ အလုပ္သမားေတြကို အလုပ္ကထုတ္ပယ္တာေတြရွိေန တာေၾကာင့္ အလုပ္ျပန္လည္ခန္႔ထားေပးဖို႔ ခံုသမာဓိေကာင္စီက ဆံုးျဖတ္ခ်က္ခ်မွတ္ခဲ့တဲ့အေပၚ အလုပ္ရွင္ဘက္က လိုက္နာမႈမရွိဘူးလို႔ ခံုသမာဓိ၊ ခံုေကာင္စီကေျပာပါတယ္။
လုပ္ငန္းခြင္ကုိ ျပန္လည္၀င္ေရာက္ခ်င္တဲ့ အလုပ္သမားေတြက ခံုသမာဓိကတစ္ဆင့္ တရားရံုးမွာအမႈ သြားေရာက္ရင္ဆိုင္ရာမွာလည္း အလုပ္ရွင္ဘက္က အလုပ္ျပန္လည္ခန္႔အပ္တာေတြမရွိဘဲ ဒဏ္ေငြကို သာ ေပးေဆာင္မႈေတြရွိေနတာပါ။

Soundbite; ဦးေဌး(တရားလႊတ္ေတာ္ေရွ႕ေန)

အလုပ္ရွင္အလုပ္သမား၊အျငင္းပြားမႈေျဖရွင္းေရး ခံုသမာဓီေကာင္စီအဖြဲ႕၀င္
ဒါ့အျပင္ ျပန္လည္ျပင္ဆင္ထားတဲ့ အလုပ္သမားေရးရာ၊အျငင္းပြားမႈေျဖရွင္းေရးဥပေဒမွာ ေငြဒဏ္အေနနဲ႔ အနည္းဆံုး က်ပ္ဆယ္သိန္းခ်မွတ္ရမယ္လို႔ ျပဌာန္းထားေပမယ့္ တရားရံုးရဲ႕ဆံုးျဖတ္ခ်က္ေတြမွာ အျမင့္ဆံုးေငြဒဏ္ဆယ္သိန္းအထိသာ ခ်မွတ္ေနတာျဖစ္ပါတယ္။

Soundbite;ဦးေဌး(တရားလႊတ္ေတာ္ေရွ႕ေန)
အလုပ္ရွင္အလုပ္သမား၊အျငင္းပြားမႈေျဖရွင္းေရး ခံုသမာဓီေကာင္စီအဖြဲ႕၀င္

အလုပ္ရွင္ဘက္က အလုပ္ျပန္လည္မခန္႔တဲ့အတြက္ မွတ္ပံုတင္ေနဆဲ ပံုစံ ၆ ရၿပီးသား အလုပ္သမား ေတြအေနနဲ႔ အလုပ္သမားအဖြဲ႕အစည္းမွာ ပ်က္ျပားသြားၿပီး အလုပ္လက္မဲ့ ျဖစ္သြားတာျဖစ္ပါတယ္။
ျပန္လည္ျပင္ဆင္တဲ့ အလုပ္သမားေရးရာ အျငင္းပြားမႈေျဖရွင္းေရးဥပေဒမွာ အလုပ္သမားေတြက ေထာင္ဒဏ္ထည့္သြင္းေပးဖို႔ေတာင္းဆိုထားေပမယ့္ အျပည္ျပည္ဆိုင္ရာအလုပ္သမားေရးရာ အဖြဲ႕(ILO)က ေငြဒဏ္ကိုသာ ထည့္သြင္းဖို႔ ေျပာၾကားထားပါတယ္ရွင့္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်မထုတ်ဖို့ ခုံသမာဓိကောင်စီက သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေ လိုက်နာမှု မရှိ

အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာဖြစ်ရင် အလုပ်သမားတွေကို အလုပ်မထုတ်ဖို့ ခုံကောင်စီက သတ်မှတ်ထားပေမယ့် အလုပ်ရှင်တွေဘက်က လိုက်နာမှုမရှိဘူးလို့ ခုံသမာဓိကောင်စီ အဖွဲ့က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက်ဌေးဌေး ကပေးပို့ထားပါတယ်။

အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုတွေမှာ အလုပ်သမားတွေကို အလုပ်ကထုတ်ပယ်တာတွေရှိနေ တာကြောင့် အလုပ်ပြန်လည်ခန့်ထားပေးဖို့ ခုံသမာဓိကောင်စီက ဆုံးဖြတ်ချက်ချမှတ်ခဲ့တဲ့အပေါ် အလုပ်ရှင်ဘက်က လိုက်နာမှုမရှိဘူးလို့ ခုံသမာဓိ၊ ခုံကောင်စီကပြောပါတယ်။
လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ချင်တဲ့ အလုပ်သမားတွေက ခုံသမာဓိကတစ်ဆင့် တရားရုံးမှာအမှု သွားရောက်ရင်ဆိုင်ရာမှာလည်း အလုပ်ရှင်ဘက်က အလုပ်ပြန်လည်ခန့်အပ်တာတွေမရှိဘဲ ဒဏ်ငွေကို သာ ပေးဆောင်မှုတွေရှိနေတာပါ။

Soundbite; ဦးဌေး(တရားလွှတ်တော်ရှေ့နေ)

အလုပ်ရှင်အလုပ်သမား၊အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓီကောင်စီအဖွဲ့ဝင်
ဒါ့အပြင် ပြန်လည်ပြင်ဆင်ထားတဲ့ အလုပ်သမားရေးရာ၊အငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ ငွေဒဏ်အနေနဲ့ အနည်းဆုံး ကျပ်ဆယ်သိန်းချမှတ်ရမယ်လို့ ပြဌာန်းထားပေမယ့် တရားရုံးရဲ့ဆုံးဖြတ်ချက်တွေမှာ အမြင့်ဆုံးငွေဒဏ်ဆယ်သိန်းအထိသာ ချမှတ်နေတာဖြစ်ပါတယ်။

Soundbite;ဦးဌေး(တရားလွှတ်တော်ရှေ့နေ)
အလုပ်ရှင်အလုပ်သမား၊အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓီကောင်စီအဖွဲ့ဝင်

အလုပ်ရှင်ဘက်က အလုပ်ပြန်လည်မခန့်တဲ့အတွက် မှတ်ပုံတင်နေဆဲ ပုံစံ ၆ ရပြီးသား အလုပ်သမား တွေအနေနဲ့ အလုပ်သမားအဖွဲ့အစည်းမှာ ပျက်ပြားသွားပြီး အလုပ်လက်မဲ့ ဖြစ်သွားတာဖြစ်ပါတယ်။
ပြန်လည်ပြင်ဆင်တဲ့ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမှာ အလုပ်သမားတွေက ထောင်ဒဏ်ထည့်သွင်းပေးဖို့တောင်းဆိုထားပေမယ့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့(ILO)က ငွေဒဏ်ကိုသာ ထည့်သွင်းဖို့ ပြောကြားထားပါတယ်ရှင့်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)