
0
282




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာအမျိုးသမီးတစ်ဦးကို မလေးရှားဆီခိုးထုတ်မယ့်သူ လေးဦး အဖမ်းခံရ

မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးကို စင်ကာပူနိုင်ငံကနေ မလေးရှားဆီ ကားနောက်ခန်းမှာထည့်ပြီး ခိုးထုတ်ဖို့ ကြိုးပမ်းတဲ့ မလေးရှားနိုင်ငံသား လေးဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဝုဒ်လန်း စစ်ဆေးရေးဂိတ်မှာ မြန်မာနိုင်ငံက အမျိုးသမီးဟာ ခရီးသွားလာခွင့် ဘာအထောက်အထား စာရွက်စာတမ်းမှ မရှိတာကို ICA တာဝန်ရှိသူတွေက တွေ့ရှိခဲ့ပါတယ်။ ကားထဲမှာ မြန်မာ အမျိုးသမီးအပြင် အသက် ၂၄ နှစ်အရွယ် ကားမောင်းသူ အမျိုးသမီးနဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးလည်း ပါပါတယ်။

ICA အရာရှိတွေက အင်ဂျင်စက်နှိုးထားတဲ့ ကားတစ်စီးကိုလည်း မသင်္ကာလို့ စစ်ဆေးခဲ့ရာမှာ ကားမောင်းသူ အမျိုးသားနဲ့ အမျိုးသမီးတစ်ဦးတို့လည်း လူခိုးသွင့်မယ့် ကားနဲ့ ပတ်သက်နေတာကို တွေ့ရှိခဲ့ပါတယ်။ ကားမောင်သူ နှစ်ဦး၊ လိုက်ပါလာသူ နှစ်ဦး၊ စုစုပေါင်း မလေးရှား နိုင်ငံသား လေးဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသမီးတို့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)