CI မတ္လ ၃၁ ရက္ေန႔ ေနာက္ဆံုးထား ျပဳလုပ္ဖို႔ ထိုင္းအလုပ္သမား ၀န္ႀကီးဌာနက ထုတ္ျပန္

0
914

ထိုင္းႏိုင္ငံမွာ ေရႊ႕ေျပာင္းအလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာအလုပ္သမားေတြ မည္သူမည္၀ါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (CI) ကို မတ္လ ၃၁ ရက္ေန႔ ေနာက္ဆံုးထားျပီး ျပဳလုပ္ဖို႔ ထိုင္းအလုပ္သမား ၀န္ၾကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

(CI) လက္မွတ္ကို ၂၀၁၇ ခုနွစ္ မတ္ ၃ ရက္က စတင္ၿပီး ျမန္မာနဲ႔ ထိုင္း ႏွစ္ႏုိင္ငံ အလုပ္သမား ၀န္ႀကီးဌာနက ထုိင္းႏုိင္ငံ ခ႐ိုင္ ၆ ေနရာမွာ CI ထုတ္ေပးေရးစခန္း ၈ ခုဖြင့္လွစ္ ေဆာင္ရြက္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ မိုဘိုင္းစနစ္သံုး CI စာအုပ္ျပဳလုပ္ေပးတဲ႔ စင္တာ ၂ ခုကိုပါ ထပ္မံဖြင့္လွစ္ ေဆာင္ရြက္ ေပးထားတာပါ။ လက္ရွိ ထိုင္းနိုင္ငံမွာ (CI) ျပဳလုပ္ၿပီးတဲ့ ျမန္မာအလုပ္သမားစုစုေပါင္း ၁ သန္းခန္႔ ရွိေနျပီျဖစ္ပါတယ္။

(CI) စာအုပ္ျပဳလုပ္ဖို႔ က်န္ရွိေနတဲ႔ အလုပ္သမားေတြထဲမွာ ထိုင္းအလုပ္သမား၀န္ႀကီးဌာနကို စာရင္းေပးသြင္းထားတဲ႔ အလုပ္သမား ၄ ေသာင္းခန္႕ရွိျပီး ပန္းေရာင္ဘတ္နဲ႔ ယာယီႏုိင္ငံကူးလက္မွတ္ (ခရမ္းနဲ႔အနီေရာင္) ကိုင္ေဆာင္ထားတဲ႔ အလုပ္သမား ၂သိန္းနီးပါး က်န္ရွိေနေသးတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

CI မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပြုလုပ်ဖို့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြုလုပ်ဖို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

(CI) လက်မှတ်ကို ၂၀၁၇ ခုနှစ် မတ် ၃ ရက်က စတင်ပြီး မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ထိုင်းနိုင်ငံ ခရိုင် ၆ နေရာမှာ CI ထုတ်ပေးရေးစခန်း ၈ ခုဖွင့်လှစ် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုဘိုင်းစနစ်သုံး CI စာအုပ်ပြုလုပ်ပေးတဲ့ စင်တာ ၂ ခုကိုပါ ထပ်မံဖွင့်လှစ် ဆောင်ရွက် ပေးထားတာပါ။ လက်ရှိ ထိုင်းနိုင်ငံမှာ (CI) ပြုလုပ်ပြီးတဲ့ မြန်မာအလုပ်သမားစုစုပေါင်း ၁ သန်းခန့် ရှိနေပြီဖြစ်ပါတယ်။

(CI) စာအုပ်ပြုလုပ်ဖို့ ကျန်ရှိနေတဲ့ အလုပ်သမားတွေထဲမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို စာရင်းပေးသွင်းထားတဲ့ အလုပ်သမား ၄ သောင်းခန့်ရှိပြီး ပန်းရောင်ဘတ်နဲ့ ယာယီနိုင်ငံကူးလက်မှတ် (ခရမ်းနဲ့အနီရောင်) ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၂သိန်းနီးပါး ကျန်ရှိနေသေးတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)