
0
848




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေသတွင်း ရေတပ်များ တွေ့ဆုံပွဲတက်ဖို့ စစ်ရေယာဉ် ၂ စီး ပို့ဘလဲဆိပ်ကမ်းကို ထွက်ခွာ

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲဆိပ်ကမ်းမှာ ကျင်းပမယ့် ဒေသတွင်း ရေတပ်များတွေ့ဆုံပွဲကို တက်ရောက်ဖို့နဲ့ ချစ်ကြည်ရေး အလည်အပတ် ခရီးအတွက် တပ်မတော် (ရေ) က စစ်ရေယာဉ် ၂ စီး မတ်လ ၃ ရက်နေ့က ထွက်ခွာသွားပါတယ်။

မတ်လ ၆ ရက်ကနေ ၁၃ ရက်အထိ ကျင်းပမယ့် ဒေသတွင်း ရေတပ်များတွေ့ဆုံပွဲကို တက်ရောက်ဖို့ ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ရွှေထွန်း ဦးဆောင်တဲ့ ဆင်ဖြူရှင်နဲ့ အင်းလေး စစ်ရေယာဉ်နှစ်စီး ရန်ကုန်မြို့ကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

ဒေသတွင်း ရေတပ်များတွေ့ဆုံပွဲအပြီးမှာ အိန္ဒိယနိုင်ငံ၊ ဗီဆခါပတ္တနမ်မြို့ရှိ Eastern Naval Command ကို ချစ်ကြည်ရေးခရီး ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)