
0
846



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ဦးမြို့ ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်ရေး ပထမအကြိမ် ဆွေးနွေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို ရှေးဟောင်းယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ် (ယူနက်စကို) စာရင်း ဝင်နိုင်ရေးအတွက် ပထမအကြိမ် အစည်းအဝေးကို မြောက်ဦးမြို့ရှိ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ စီမံခန့်ခွဲမှုရုံးမှာ ကျင်းပပါတယ်။

အစည်းအဝေးမှာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မြောက်ဦးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်၊ ယဉ်ကျေးမှု အမွေအနှစ် ပညာပေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆပ်ကော်မတီ (ဥက္ကဋ္ဌ) ဒေါက်တာ တင်မာအောင်၊ သမိုင်းအထောက်အထား ရှာဖွေရေး ဆပ်ကော်မတီ (ဥက္ကဋ္ဌ) ဒေါ်ခင်သန်း၊ ကြီးကြပ် ညှိနှိုင်းရေး ဆပ်ကော်မတီ (အဖွဲ့ဝင်) ဦးသန့်မြင့်တို့က ရှင်းလင်း ဆွေးနွေးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)